Friday, September 10, 2010
   
Text Size

Site Search powered by Ajax

(၂၇၊၈၊၂ဝ၁ဝရက် မှ ၃၊၉၊၂ဝ၁ဝရက်အထိ)

horoscope - horoscope

User Rating: / 101
PoorBest 
တနင်္ဂနွေသားသမီးအပေါင်းတို့သည်
ပျော်ရွှင်ဖွယ်ရာနေ့စွဲများဖြစ် မည်။ ချစ်သူနှင့်ခရီးသွားရန်ရှိသော် စိတ်ကူးမယဉ်ပါနှင့်။ ပညာဂုဏ်ကြီးမြတ် သူတစ်ဦးက သင့်အခက်အခဲများကို ဖယ်ရှားဆောင်မပေးဖွယ်ရှိမည်။ ရုတ် တရက်ထိခိုက်ဒဏ်ရာ အနာတရဖြစ်ကိန်းရှိသော်လည်း စိုးရိမ်ကြောင့်ကျဖွယ် မဟုတ်။ လူကြီးသူမများက သင့်ကိုနေရာကောင်းတစ်နေရာ နတ်လမ်းညွှန် လာလိမ့်မည်။ ပညာကံကောင်းမည်။ ထီထိုးလိုက (၁)ဂဏန်း မဆိုးပါ။ ကျန်းမာရေးကောင်း၏။
အဆောင်။ ။ သူရဿတီမယ်တော်ပုဝါအား ဆောင် ထားပါ။
ယတြာ။ ။ မွေးနံထောင့်တွင် မာမားခေါက်ဆွဲ ရယ်ဒီမိတ်(ချဉ်စပ်) သက်စေ့ကပ်လှူကာ လိုရာဆုပန်ပါလေ။ လိုရာပြည့်အံ့။ အရဟံဂုဏ်တော် ကိုးခေါက်စိတ်ရန်မမေ့ပါနှင့်။


တနင်္လာသားသမီးအပေါင်းတို့သည်
ရန်အပေါင်းကို နှိမ်နင်း အောင်မြင်ဖွယ်မြင်သည်။ ချစ်သူနှင့်လည်း ပြန်လည်အလွမ်းသင့်ဖွယ်ရှိမည်။ အင်္ဂါနံနှင့်အကျိုးပေးဖွယ်ရှိမည်။ စနေနံထွက်တတ်မည်။ အနောက်အရပ်ကို မျက်နှာမူ၍ စီးပွားရှာသော် လာဘ်လာဘရွှင်မည်။ ပညာရေးကံကောင်းမည့် ရက်အပိုင်းအခြားဖြစ်သည်။ ရွှေမစုဖို့ လိုမည်။ (၈)ဂဏန်းအကျိုးပေးလွန်းမည်။ ရေခြားမြေခြားခရီးသွားရဖွယ်မြင်သည်။ လူကြီးသူမတို့၏ ကူညီစောင်မမှုက သင့်အခက်အခဲများကို ချောမွတ်အဆင်ပြေစေတတ်မည်။ ကျန်းမာရေးတော့ ဂရုစိုက်ပေးပါ။ အနာအဖျားမကင်းဘဲ ရှိမည်။
အဆောင်။ ။ ပုပ္ပါးတောင်ကလပ်ပုံတော်ကို ဆောင်ထားပါ။
ယတြာ။ ။ မွေးနံထောင့်တွင် ဆီမီး(၅ဝဝ)သက်စေ့ထွန်းညှိ ပူဇော်လိုက်ပါ။

အင်္ဂါသားသမီးအပေါင်းတို့သည်
ကြံစည်သမျှ ထမြောက်အောင်မြင်ဖွယ် မြင်သည်။ ဆင်စီး၊မြင်းရံရမည့်ကိန်းမြင်သည်။ အလှူကြီးပေးရမည်။ အိုးသစ်၊ အိမ်သစ်၊ အချစ် သစ်ဝင်မည်။ တန်ခိုးကြီးဘုရားတစ်ဆူ ဖူးတွေ့ရကိန်း မြင်သည်။ ဘာသာရေးနှင့်ကုသိုလ်ရေး အလေးပေးဆောင်ရွက်ရမည့် ကာလ ဖြစ်သည်။ သင်ပြုသောကံ သင့်ထံပြန်လာမည်။ အလျော်အစားလုပ်ရမည့်ကိစ္စ လုံးဝလက်ဝင်မလျှိုပါနှင့်။ သင့်နောက်ကျောကို ဓားနှင့်ထိုးမည့်သူရန်ကိုလည်း ရှောင်ပါ။ ထီထိုးလိုလျှင် (၃)ဂဏန်းမဆိုး။ ကျန်းမာရေးမဆိုး။
အဆောင်။ ။ သင့်မိခင်၏ခြေမှုန်ကို လက်ကိုင်ပဝါ ဖြင့် တရိုတသေထည့်ကာ အိတ်ကပ်တွင်ဆောင်ပါ။ အမွှေးနံ့သာပက်ဖျန်းပါ။
ယတြာ။ ။ မိမိမွေးနံဘုရားတွင် မုန့်လုံးရေပေါ် သက်စေ့ ကပ်လှူပါ။ ကြံသမျှ ဟန်ကျမည်။

ဗုဒ္ဓဟူးသားသမီးအပေါင်းတို့သည်
နာမည်ကျော်လူသိများမည်။ စိတ်လှုပ် ရှားလွယ်၊ ခံစားလွယ်သော သင့်နှလုံးသားက အစွန်းနှစ်ဖက်ကြားတွင် ဗျာများ နေရဖွယ်မြင်သည်။ နောင်ရေးစိတ်အေးရမည့်လုပ်ငန်းတစ်ခုစောက်ချလုပ်ရ မည်။ ပညာဂုဏ်သတင်းကြီးမားမည်။ ရေလုပ်ငန်းတော့ အကျိုးမပေးပါ။ ရေဝေးမြေခြားမှ မျှော်လင့်မထားသောလက်ဆောင်ပစ္စည်းရောက်လာဖွယ် မြင်သည်။ သင်ကိုယ်တိုင်လည်း ရေဝေးမြေခြား ခရီးယာယီများမည်။ လုပ်ငန်း သစ်တစ်ခုကိုသင်ကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ဆောင်ရတတ်သည်။ ငွေဝင်ကိန်း ရှိသည်။ ထီထိုးပါ။ (၂)အစ (၂)အဆုံး။ ချစ်သူနှင့် စိတ်ဝမ်းကွဲမည်။ သို့သော် စိုးရိမ်ဖွယ်ရာတော့မဟုတ်။ သင့်ကျန်းမာရေးဂရုစိုက်ပါ။ ဝမ်းဗိုက် ဒုက္ခပေးမည်။ သင့်မိဘကျန်းမာရေးနည်းနည်းညံ့မည်။
အဆောင်။ ။ ဖခင်ဖြစ်သူ၏ မျက်ခုံးမွေး(၅)ပင်နှုတ်ကာ သင့်အိတ်ကပ်ထဲတွင်ဆောင်ပါ။
ယတြာ။ ။ မွေးနေ့၊မွေးနံဘုရား တွင် ရာဂုကပ်လှူပါ။ အကြံအစည်များ ဟန်ကျအံ့။

ကြာသပတေးသားသမီးအပေါင်းတို့သည်
စိတ်အလိုလိုက်၍ ဘဝရှေ့ရေး ရင်လေးစရာနှင့်ကြုံမည်။ ပညာရေးကုသိုလ်ကံခေလွန်းနေသည်။ ဆွေမျိုးသား ချင်းထဲမှကူညီစောင်မမည့်သူပေါ်မည်။ ဝင်ငွေနှင့်ထွက်ငွေမမျှဘဲဖြစ်မည်။ရွှေမစု ပါနှင့်။ ရွှေအတုနှင့်ညားကိန်းကြုံမည်။ အမှုဖြစ်လျှင်ချက်ချင်းရှင်းပါ။ သင့်ကျန်း မာရေးက ညံ့လွန်းနေသည်။ သို့သော် ထီကံကောင်းသည်။ (၅)ဂဏန်း မဆိုးပါ။
အဆောင်။ ။ အဆောင်ပြုလိုပါက မိခင်၏ဘော်လီအား ခေါင်းအုံးအောက်တွင်ထားပါ။
ယတြာ။ ။ မွေးနံထောင့်တွင် ဆီမီး(၆ဝဝ)ထွန်းညှိ ပူဇော်ကာ လိုရာဆုပန်ပါ။

သောကြာသားသမီးအပေါင်းတို့သည်
ချစ်သူများသလို ရန်သူလည်း များမည်။ ရန်မီးမပွားစေရန် ဂရုပြုပါ။ ရွှေနှင့်ပတ်သက်၍ အစွပ်အစွဲ၊ အပြောအဆို ယိုးစွပ်ခံရတတ်သည်။ သူများအပူ ကိုယ့်အပူမဖြစ်ပါစေနှင့်။ အိမ်နီးနားချင်းကောင်းတစ်ဦး မမျှော်လင့်ဘဲ လက်လွှတ်ဆုံးရှုံးရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်း အကျိုးမပေးသောကာလဖြစ်သည်။ ဘာသာခြား တစ်ဦးက သင့်အား အလိုလိုနေရင်း မုန်းတီးနေတတ်သည်။ ရန်သူကို မိတ်ဆွေ ဖြစ်အောင်ကြိုးစားပါ။ ပညာရေးကံကောင်းမည်။ ထီထိုးလိုသည်ရှိသော (၆)ဂဏန်း အရမ်းလှသည်။ သင့်ကျန်းမာရေးမဆိုးပါ။ သို့သော်မပေါ့နှင့်။
အဆောင်။ ။ ခင်္သေ့တံဆိပ်ပါသောမတ်စေ့ကို ဝလုံးထုံး ကွင်း၍ဆောင်ပါ။
ယတြာ။ ။ မွေးနံထောင့်တွင် ဇီးကွက် မောင်နှံ သက်စေ့ကပ်လှူကာ ပူဇော်ပါ။ ဂုဏ်တော်သက်စေ့စိပ်ပါ။ လိုရာပြည့်အံ့။

စနေသားသမီးအပေါင်းတို့သည်
ရွှေတစ်နေ့ ငွေတစ်နေ့ဖြစ်မည်။ လူမှား မပေါင်းရန် ဂရုစိုက်ဖို့လိုသည်။ အိုးသစ်အိမ်သစ်ပြောင်းရွှေ့ရဖွယ်မြင်သည်။ အနောက်အရပ်သို့ခရီးထွက်ရသည်ရှိသော် ဘုရားဖူးရင်းလိပ်ဥကြီးကြီး တူးရကိန်းလည်းရှိနေသည်။ လူကြီးမိဘတစ်ဦး(သို့တည်းမဟုတ်) ဆွေမျိုး သားချင်းအကြီးအကဲတစ်ဦးမှ သင်၏အခက်အခဲများကို ကူညီဖြေရှင်းပေးရန် မြင်သည်။ စနေနံကတော့ ခြံခုန်ဖွယ်ရှိမည်။ ထီထိုးလိုသော် (၇)ဂဏန်းကံကြီး ရာတည့်။ သင့်ကျန်းမာရေးမဆိုးပါ။
အဆောင်။ ။ ဦးမင်းကျော်ဆောင်ဓားအားဆောင်ပါ။
ယတြာ။ ။ မွေးနံထောင့်တွင် စိန်တစ်လုံးသရက် သက်စေ့ ကပ်လှူရန်။

(၃၁) ဘုံသားများငြိမ်းအေးကြစေသော်
ဒေါက်တာဂမ္ဘီရ (ခေတ္တစစ်ကိုင်းတောင်ရိုး)