Friday, September 10, 2010
   
Text Size

Site Search powered by Ajax

(၂၁)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်

Entertainment - Vol2 No.32

User Rating: / 0
PoorBest 
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ် သူရအေးမြင့်သည် နိုဝင်ဘာ (၁၄)ရက်၊ နံနက် (၈)နာရီက ရန်ကုန်မြို့၊ အောင်ဆန်းကစား ပြိုင်ဝင်း၌ ကျင်းပ ပြုလုပ်သော (၂ဝဝ၉)ခုနှစ် (၂၁)ကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ဖွင့်လှစ်ပေးပြီး အနိုင်ရရှိသူများအား ဆုများ အသီးသီး ချီးမြှင့်ပေးသည်။ ပထမနေ့ပြိုင်ပွဲ စတင် ယှဉ်ပြိုင်ရာ အမျိုးသား ဒူးအထက် တစ်ဖက်မီတာ (၁ဝဝ) အပြေးပြိုင်ပွဲတွင် ပထမဆုရ ကျော်ခိုင် (စီးပွား/ကူးသန်း)၊ ဒုတိယ မင်းလွင် (စီးပွား/ကူးသန်း)နှင့် တတိယဆုရ ကျော်ကျော် (ကာကွယ်ရေး) ၊ အမျိုးသား ဒူးအောက်တစ်ဖက် မီတာ(၁ဝဝ) အပြေးပြိုင်ပွဲတွင် ပထမဆုရ မင်းအောင် (ရွှေမင်းသား)၊ ဒုတိယဆုရ အောင်သူ (ရွှေမင်းသား)နှင့် တတိယဆုရ ထွန်းဝေ (ကာကွယ်ရေး)၊ အမျိုးသမီး ဒူးအောက်တစ်ဖက် မီတာ(၁ဝဝ) အပြေးပြိုင်ပွဲတွင် ပထမဆုရ အေးအေးမူ(မန္တလေး)၊ ဒုတိယဆုရချောစု (လယ်/ဆည်) နှင့် တတိယဆုရ နန်းမစိန်(ရွှေမင်းသား)၊ အမျိုးသမီးလက်ပြတ်မီတာ(၁ဝဝ) အပြေးပြိုင်ပွဲ တွင် ပထမဆုရ သိင်္ဂီဦး (MPA)၊ ဒုတိယဆုရ ညွန့်ညွန့်ဝင်း(မန္တလေး)နှင့် တတိယဆုရ သင်းသင်းခိုင် (ရွှေမင်းသား) တို့အား မြန်မာနိုင်ငံအားကစားဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူး ချုပ်သူရအေးမြင့်နှင့်တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ကြသည်။ အဆိုပါ အားကစားပြိုင်ပွဲသို့ အားကစားအသင်း (၁၇)သင်းတို့မှ အားကစားသမား (၆၆၂)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြေးခုန်ပစ်ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ မျက်မမြင်စစ်တုရင် ပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ Óာဏ်ရည်မမီသူများ အားကစား ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲများ ပါဝင်ကြောင်းသတင်းရရှိသည်။ သတင်းထောက် - ခင်မောင်ညွန့်