Breaking News - Vol2 No.94
စာရေးဆရာ တင့်ဆွေ (ဖျာပုံ) ဗိုလ်မှူးချုပ် တင့်ဆွေ(ငြိမ်း)၏ စာအုပ် မိတ်ဆက်ပွဲမှာ စာရေးဆရာ နောင်စစ်သည်က နောင်စစ်သည် ကလောင်အမည်နှင့် ပတ်သက်၍ ထည့်သွင်း ပြောကြားခဲ့သည်။ နာမည်ရင်းမှာ ချစ်ဆွေဖြစ်သော်လည်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူက ချစ်ဆွေမြင့် ဟူသော ကလောင်ကို ယူထား၍ လည်းကောင်း၊ အခြားသော ချစ်ဆွေများလည်း ရှိနေခြင်းကြောင့် လည်းကောင်း၊ ကလောင် အမည် ရွေးရခက်နေရာမှ ဆရာမောင်ဆုရှင် ပြောဖူးသည့် နောင်စစ်သည် အမည်ကို ရွေးချယ်ရခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ဆရာဗိုလ်မှူးချုပ်တင့်ဆွေ(ငြိမ်း)ကမူ တင့်ဆွေ(ဖျာပုံ)ဟူ၍လည်းကောင်း၊ အငြိမ်းစားဝန်ကြီးချုပ်ဟောင်း သူရဦးထွန်းတင်ကလည်း သူ၏အထ္ထုပ္ပတ္တိကိုရေးသားရာတွင် သူရထွန်းတင်ဟူသော ကလောင်အမည်ဖြင့်ရေးသား ခဲ့သည်။ ဒုတိယဗိုလ်မှူးကြီးတင့်ဝေအေးသည် ကလောင်ရွေးချယ်ရာတွင် ကိုကိုလေး (မြို့မ)ဟုကလောင်အမည်ရွေးခဲ့သည်။ ဗိုလ်မှူးကြီးစောမြင့်(ငြိမ်း)က မူယိမ်းနွဲ့ပါး၊ မှူးသမိန် ဟူ၍လည်းကောင်း၊ ဗိုလ်မှူးတင်မောင်(ငြိမ်း)သည် သိပ္ပံမှူးတင်ဟူ၍လည်းကောင်း၊ ဗိုလ်မှူးကြီးသန်းညွန့်က မှူးသပြေဟုလည်းကောင်း၊ ဗိုလ်မှူးကြီးညွန့်ဆွေ(ငြိမ်း)သည် မောင်ဆွေသက်ဟူ၍လည်းကောင်း၊ ဗိုလ်မှူးကြီးလှမိုး(ငြိမ်း)သည် လင်းရောင်(မင်းလှ) ဟုလည်းကောင်း၊ ဗိုလ်မှူးကြီးအုန်းမောင်(ငြိမ်း)သည် မြင်းမူမောင်နိုင်မိုးဟူ၍လည်း ကောင်း၊ ဗိုလ်မှူးကြီးမောင်မောင်ဦး(ငြိမ်း)သည် တင်သန်းဦး၊ ဗိုလ်မှူးမြသန်းစံ (ငြိမ်း)သည် မြသန်းစံဟုလည်းကောင်း၊ ဗိုလ်မှူးကြီးအောင်ကျည်ထွဏ်းသည် အောင်ကြည်ထွဏ်းဟု လည်းကောင်း၊ဗိုလ်မှူးချုပ်အောင်ကြီး(ငြိမ်း)သည် သခင်အောင်ကြီး(ပေါင်းတည်) ဟုလည်း ကောင်း၊ ဗိုလ်မှူးတင့်ဆွေ(ငြိမ်း)သည် ရဲရင့်တင့်ဆွေဟုလည်းကောင်း၊ ဗိုလ်မှူးကြီးရဲထွ$ဋ် (ငြိမ်း)သည် ရဲထွ$ဋ်ဟုလည်းကောင်း၊ ဗိုလ်မှူးကံမြင့်(ငြိမ်း)သည် ကံမြင့်(ရေဒါ)ဟုလည်း ကောင်း၊ဗိုလ်မှူးကြီးကိုကို(ငြိမ်း)သည် ကို(စစ်တက္ကသိုလ်)ဟုလည်းကောင်း၊ ဗိုလ်မှူးဝင်း တင်(ငြိမ်း)သည်သီဟအောင်ဟုလည်းကောင်း၊ဗိုလ်မှူးကြီးဇော်မင်းဦး(ငြိမ်း)သည် တက္ကသိုလ် ဇော်မင်းဦးဟုလည်းကောင်း
ဗိုလ်မှူးကြီးတင်မောင်(ငြိမ်း)သည် မြတ်ထန်ဟူ၍လည်းကောင်း၊ ကလောင်အမည်ရွေးချယ်ခဲ့သည်များကို လေ့လာတွေ့ရှိခဲ့ရသည်။ ထိုသို့စစ်သည်ကလောင်များ စာပေရေးသားကြရာတွင် သူတို့ဖြတ်သန်းခဲ့သော အတွေ့အကြုံများကို စာဖတ်ပရိသတ်များက ပိုမိုသိရှိလိုကြောင်းလေ့လာတွေ့ရှိရသည်။ အချို့သောစစ်သည်ကလောင်များသည် သူတို့၏ဘဝအတွေ့အကြုံများထက် စာပေ၊ ရသ များကို သီးသန့်ရေးသားကြသူများလည်းရှိသည်။ ဆရာနောင်စစ်သည်သည် သူ၏ဘဝ အတွေ့အကြုံများကိုလည်းကောင်း၊ အခြားသောဖြတ်သန်းမှုများကိုလည်းကောင်း ရေး သားနေသူဖြစ်ကြောင်းလည်းသတိပြုမိသည်။လျှပ်တစ်ပြက်သတင်းဂျာနယ်တွင် ဆရာနောင် စစ်သည်၏သေတစ်နေ့မွေးတစ်နေ့ (၃)အုပ်တွဲ ပ၊ ဒု၊ တမှအကြောင်းအရာများကို အကြောင်းပြု$၍ မေးမြန်းသောအခါ စာဖတ်ပရိသတ်များက တကယ့်ဖြစ်ရပ်များကို ထဲ ထဲဝင်ဝင်၊ နက်နက်ရှိုင်းရှိုင်း သိရှိလိုကြောင်းလည်း ကြားသိရသည်။ ဒီနေရာတွင် စာဖတ် ပရိသတ်များဘက်မှ တကယ့်ဖြစ်ရပ်မှန်များကို ထဲထဲဝင်ဝင်၊ နက်နက်ရှိုင်းရှိုင်းသိရှိလိုခြင်း မှာ အဆိုးမဆိုလိုပါ။ ကွင်းဆက်ပြတ်နေသော သမိုင်းများဖြစ်ခြင်းကြောင့် သားသားနားနား တောင့်တ၊ တောင်းဆိုခြင်းလည်းဖြစ်နိုင်သည်။ မည်သို့ဆိုစေ စာဆိုစစ်သည်များ၏ ဖြတ်သန်းခဲ့သောဘဝအတွေ့အကြုံများသည် အရေးပါလှသည်ဆိုခြင်းကား ငြင်းဖွယ်မမြင်။ လေ့လာ၊ ဖတ်ရှု၊ မှတ်သား၊ သုံးသပ်ရန်မှာ စာဖတ်သူများ၊ သုတေသီများ၊ ပညာ ရှင်များ၏အပိုင်းဖြစ်သည်။ မိမိသည် ဆရာနောင်စစ်သည်၏အကူအညီဖြင့် သေတစ်နေ့ မွေးတစ်နေ့ကို အကြောင်းပြုကာ မေးမြန်း၊ စူးစမ်းခွင့်ရသည့်အတွက်လည်း ဆရာနောင် စစ်သည်ကိုလည်းကောင်း၊ ဆရာချစ်စံဝင်းကိုလည်းကောင်း၊ ဆရာမလမင်းအိမ်ကိုလည်း ကောင်း အထူးကျေးဇူးတင်ရှိပါသည်။ အထူးစိတ်ဝင်တစားဖတ်ရှုကြသည့် စာဖတ်ပရိသတ် များကိုလည်း အထူးကျေးဇူးတင်ပါသည်။ ဆရာ့စာအုပ်ထဲမှာစစ်ရုံးထဲကို ဝင်လမ်းအတိုင်း ဆရာတော်ကြီးတစ်ပါး ဆွမ်းခြံ<ွကလာပါတယ်။ဆရာ့ဇနီးနဲ့ဆရာ့ယောက္ခမ ဒေါ်ခင်ကြည်တို့ဟာ ဆွမ်း အဆင်သင့်မဖြစ်သေးလို့ ဆရာတော်ကြီးကိုအိမ်ထဲကိုပင့်ပြီးတော့ ဆွမ်းအဆင်သင့်မဖြစ်သေးလို့ သည်းခံတော်မူပါ ဘုရားဆိုပြီး အိမ်ကိုကျောင်းသင်္ခမ်း သဖွယ်သီတင်းသုံးဖို့လျှောက်ထားကြ ပါတယ်။ ဆရာတော်ကြီးဟာ အချိန် ကို အလကားမထားဘဲနဲ့ စာရွက်တစ် ရွက်ပေါ်မှာ ဆုံးမစာရေးသားပေးခဲ့ ပါတယ်။တရားကိုကျင့်ကြံ၊ကောင်း တာကိုလုပ်၊ မကောင်းတာမလုပ်ပါနဲ့ လို့ ရေးသားခဲ့ပါတယ်။ဆွမ်းကျက်လို့ ဆရာတော်ကြီးကို ဆွမ်းလောင်းကြ ပါတယ်။ ဆွမ်းလောင်းပြီး ပြီးချင်းပဲ ကားကောင်းတွေနဲ့ ဆရာတော်ကြီး ရဲ့တပည့်ဒါယိကာ၊ ဒါယိကာမတွေ ရောက်လာပြီးတော့ ဆရာတော်ကြီးကိုပြန်လည်ပင့်ဆောင်ကြပါတယ်။ အဲဒီ တော့မှ ဆရာတော်ကြီးကိုစုံစမ်းကြည့်တဲ့အခါမှာဝေဘူဆရာတော်ဘုရား ကြီးလို့ သိကြရပါတယ်။ ဝေဘူဆရာတော်က အန်ကယ်လ်တို့အိမ်ကို ဘယ်လိုြ<ွကလာ တာလဲ။ ဘာကြောင့်ြ<ွကလာတာလဲ။ စစ်ရုံးထဲကို တစ်ပါးတည်ြး<ွကလာတာဟာ ထူးဆန်းနေပါတယ်။ အဲဒါတွေသိပါရစေ။ ကျွန်တော်တို့စစ်ရုံး ဘုရားလမ်းပေါ်မှာ နှစ်အိမ်တွဲတန်းလျားကြီး ဒီဘက်က ဗိုလ်မှူး ခင်မောင်စိုး၊ အတွင်းဘက်က ဒုတိယအိမ်က ကျွန်တော့်အိမ်ပဲ။ ရှေးအိမ်နှစ်ထပ်အဟောင်း ကြီး။ ကျွန်တော်တို့ရှေ့မှာလည်း ဂဝံကျောက်တွေဗျ။ ကားတွေတောင် အတော်သွားရ ခက်တာ။ ဖိနပ်မပါဘဲ ဆရာတော်တစ်ပါြး<ွကလာပြီး အိမ်ရှေ့မှာရပ်နေတယ်။ ဒါနဲ့ ကျွန်တော့် ယောက္ခမဒေါ်ခင်ကြည်နဲ့ သူ့သမီးက ဆွမ်းအဆင်သင့်မဖြစ်သေးတော့ အိမ်ထဲမှာ သီတင်း ဝင်သုံးပါဦးပြောတော့ ဝေဘူဆရာတော်က စာရွက်ကလေးနဲ့ရေးပေးသွားတယ်တဲ့။ ကျွန်တော်ကိုယ်တိုင်က ဝေဘူဆရာတော်ကို ကိုယ်တိုင်မဖူးလိုက်ရဘူး။ သို့သော်လည်း ကျွန်တော့်ဇနီးကတော့ ဖူးလိုက်ရပြီး သူကချက်ချင်းကျွန်တော်ရှိတဲ့စစ်ရုံးပေါ်ကို ဖုန်းဆက် တာပဲ။ ဝေဘူဆရာတော် အိမ်ကြို<ွကလာတယ်တဲ့။ ဆရာတော်ပြန်ြ<ွကမယ့်အချိန်လေးမှာ ကားကြီးတွေဝင်လာပြီးတော့ ဆရာတော်ကို ပြန်ပင့်သွားတယ်တဲ့။ ဗိုလ်မှူးထွေးဟန်ကို မေးကြည့်တဲ့အခါကျတော့ အဲဒါ ဝေဘူဆရာတော်ပဲတဲ့။ နောက်တစ်ခါ ကိုညွန့်ဆွေ (မောင်ဆွေသက်)ရဲ့ ကဒူးမမှ မော်ဖသို့ ဆိုတဲ့စာအုပ်ထဲမှာတော့ ဝေဘူဆရာတော်ရဲ့ ဓာတ်ပုံတွေကို သူကိုယ်တိုင်က မြင်တွေ့ဖူးတော့ ပါတယ်။ ကျွန်တော်ကတော့ ဝေဘူ ဆရာတော်ကို ဖူးခွင့်မကြုံလိုက်ဘူး။ ကျွန်တော်သိချင်တာက ဝေဘူဆရာတော်က ထူးထူးခြားခြားတစ်ပါး တည်းြ<ွကလာတာကို သိချင်တာ။ ဘယ်လြို<ွကလာတယ်တော့ မသိဘူး။ တစ်ပါးတည်း ဝင်လာတယ်တဲ့။ ဝင်လာရင် အရှေ့အိမ်မှာလည်း ရပ်လို့ရတာပဲ။ ဘာဖြစ်လို့ အတွင်းကအိမ်မှာ ရပ်တာလဲ။ အဲဒါလေးက ထူးခြားနေလို့။ နောက်ပြီး ဆွမ်းမကျက်သေးလို့ဆိုပြီး စောင့် နေလိုက်သေးတယ်။ ပြီးတော့မှသူရှိနေတာကိုနောက်ကတပည့်တွေက သိတော့ လိုက်လာတယ်ဆိုတာ ထူးခြားနေလို့ပါ။ အဲဒီလိုမေးခွန်းလေးတွေက တော်တော်များများရှိနိုင်ပါတယ်။ မနေ့က ဂျာနယ်ထဲ မှာရေးတဲ့ ဟာဂျူလီဖုန်းဆက်တုန်းကလည်း စာအုပ်ထဲကဟာကို မေးခွန်းတစ်ခုမေးတယ်။ အန်ကယ်လ်က ရုရှားကဂျစ်ပစီမလေးကို အိန္ဒိယမှာပြန်တွေ့တယ်ဆိုတော့ အန်ကယ်လ် နဲ့အဆက်အသွယ်ရှိလားတဲ့။ သူ့လည်း မသိဘူး။ ကိုယ့်လည်း မသိဘူး။ ဒါပေမယ့် အဲဒီဂျစ်ပစီမနဲ့ရတာက စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ လာတယ် ဆိုရင် အခွင့်အရေးယူတဲ့အနေနဲ့ သူတို့နဲ့တွေ့တာ။ ကျွန်တော်နဲ့ သိလည်းမသိဘူး။ သိတဲ့လူက အဲဒီအိမ်မှာဧည့်ခံတော့ အဲဒီဂျစ်ပစီအမျိုးသမီးက ရုရှားမှာတုန်းကပုံစံအတိုင်းပဲ။ ရုပ်ရည်ကမပြောင်းဘူး။ ကျွန်တော့်ရဲ့သစ်တော ခသကညအနမစမေအဝန်ကြီးက ကမာနတ်က တော့ funny lady တဲ့။
ကြည့်ရင်တော့ ဗိန္ဓောလိုလို ဘာလိုလိုနဲ့ သူကကြည့်ပြီးတော့ သူ့ယောက်ျားကို အဲဒီညမှာ ဘာပြောလဲဆိုတော့ မနက်ဖြန်လာမယ့်ပုဂ္ဂိုလ်က ထူးခြား မယ့်ပုဂ္ဂိုလ်ပဲတဲ့။ အဲဒါလေးက သူတို့အတွက်လည်း ကုသိုလ်ကောင်းပါတယ်တဲ့။ ကျွန်တော် တို့ ကားလည်းဝင်လာရော သူ့ယောက်ျားကဘာပြောလဲဆိုတော့ ကျွန်တော့် မိန်းမက ညကတည်းကပြောတယ်တဲ့။ ထူးခြားတဲ့ပုဂ္ဂိုလ် ဒီနေ့လာလိမ့်မယ်လို့ပြောတယ်တဲ့။ ကျွန်တော့်ကိုယ် ကျွန်တော် ထူးခြားလား။ ဘာလားတော့ မသိဘူး။ ဝေဘူဆရာတော်ြ<ွကလာပြီးတော့ ဘယ်လိုထူးခြားမှုတွေရှိခဲ့လဲ့။ ဘာမှထူးခြားမှုတော့မရှိပါဘူး။ မဟုတ်ဘူးလေ။ ဝေဘူဆရာတော်ြ<ွကလာပြီးတဲ့နောက် ရာထူးတိုးတာတို့၊ ဘာတို့ အဲဒါမျိုးတွေရှိလား။ အဲဒီတုန်းက ကျွန်တော်က ဗိုလ်မှူးပဲရှိသေးတာ။ အဲဒီကတော့ရာထူးတိုးသွားတာပဲ။ ဒါကလဲဖြစ်ရိုးဖြစ်စဉ်ပါ။ ခလရ(၉၉)နဲ့ ကလောကိုရောက်သွားတယ်။ အန်ကယ်လ်က ဘာသာတရားကို ကြည်ညိုကိုင်းရှိုင်းတယ်လို့သိရပါတယ်။ ရန်သူနဲ့အကြိမ်ကြိမ်တိုက်ခိုက်ပြီး သေမင်းနဲ့အကြိမ်ကြိမ်စီးချင်း ထိုးနေရတဲ့ အန်ကယ်လ်တို့လို စစ်သားကြီးတွေအတွက် ဗုဒ္ဓရဲ့အဆုံးအမဝါသြဒ၊ ဘာသာ တရားက ဘယ်လောက်လွှမ်းမိုးမှုရှိသလဲ။(ဥပမာ-ရှေ့တန်းထွက်ရတဲ့အခါ အန်ကယ်လ်အနေနဲ့ဂါထာ၊ယတြာတွေယုံယုံကြည်ကြည်အသုံးပြုလေ့ရှိပါ သလား။ ကျွန်တော်က ဘာသာရေးဘက်ကို လွန်လွန်ကဲကဲတော့မဖြစ်ဘူး။ ဒါပေမယ့် အခုကြီးလာတဲ့အခါကျတော့ ပိုပြီးဂရုစိုက်လာတာပေါ့လေ။ အခုလောက်လည်း တရားထိုင်တာမျိုး၊ အရင်ကမရှိခဲ့ဘူး။ ပခုက္ကူဦးအုန်းဖေနဲ့ ကျွန်တော် မော်လမြိုင်ဘက် သွားပြီး ပြန်လာတော့ လမ်းမှာတားပြီး အလှူခံတာ။ အလှူခံတော့ လမ်းမှာလည်း အဆင်မပြေတာလေးတွေတွေ့နေတော့ ကျွန်တော်ကဒေါသဖြစ်နေတာ။စိတ်မကောင်း ဖြစ်နေတာ။ ဦးအုန်းဖေကြီးကကိုယ့်ကိစ္စကိုယ်လုပ်ပါတဲ့။လမ်းမှာတားပြီး အလှူခံနေ တာတွေက ဒါတွေဟာမသင့်ဘူးပေါ့။ တစ်ခါဆိုရင် ကျွန်တော်တို့ ဘတ်စ်ကားကြီးက အရှိန်နဲ့လာနေတုန်း ကျွန်တော်ရှေ့မှာကမာစကာဂျစ်လေးကလည်း လာနေတယ်။ ကလေးကလည်း အင်္ကျီကျွတ်နဲ့ကပျာကယာဆွဲပြီး ဝါးကိုမလိုက်တယ်။အဲဒီကားလေး ထွက်လည်းထွက်ရော အဲဒီဂိတ်ကိုပြန်ပိတ်လိုက်တယ်။ ကျွန်တော်တို့ဘတ်စ်ကား လေးလာတော့ ဟာ ကလေး ကလေးဆိုပြီးတော့ အဲဒါလေးတွေ မြင်သွားတော့ ပခုက္ကူဦးအုန်းဖေကြီးက ကျွန်တော့်ကိုတားတယ်။ ကိုချစ်ဆွေတဲ့ ကိုယ့်ကိစ္စ ကိုယ်လုပ်ပါတဲ့။ ကျွန်တော်က အပေါ်မှာတက်ထိုင်နေတယ်။ အဲဒီဂိတ်ကြေးတွေ ပေးလိုက်ရတာပေါ့လေ။ မြို့အဝင်ဂိတ်လေ။ ကျွန်တော်တိုင်းမှူးလုပ်တုန်းက ဒါတွေမရှိဘူးဗျ။ နောက်ပိုင်းမှ ဒါမျိုး။ နှစ်ခါတောင်ကြုံတယ်ဗျ။ နှစ်ခါလောက်ကြုံတယ် နောက်တော့လဲ ဒါမျိုးမရှိတော့ဘူး။ အဲဒါကို အစက်ကလေးနှစ်စက်ဆိုတဲ့စာအုပ်ထဲ ထည့်ရေးဖြစ်တယ်။ ဟာဂျူလီကလည်း မနေ့က အဲဒါကိုတောင်းတယ်။ အစက်ကလေးနှစ်စက်စာအုပ်ကိုပို့ပေးပါတဲ့။ အဲဒီမှာတင် မော်လမြိုင်ကပြန်အလာမှာ ကျွန်တော်ရဟန်းလည်း တစ်ခါမှမခံဖူးဘူးဆိုပြီးတော့ သဒ္ဓမ္မရံ သီမှာသွားပြီး တရားဝင်လိုက်တယ်။ တရားရဲ့မွေ့လျော်ခြင်းက တော်တော်ကောင်းတယ်ဗျ။ ဆယ်ရက်စခန်းပဲ။ သဒ္ဓမ္မရံသီဆရာတော်ကြီးရဲ့ကျောင်းမှာ ဆယ်ရက်စခန်းမှာ ငါးရက် လောက် ကျွန်တော့်စိတ်တောင်တော်တော်တည်ငြိမ်တယ်ဗျ။ ဒါပေမယ့် တရားထိုင်တုန်း လမ်းဘေးမှာ မနက်ထိကတဲ့ဇာတ်ပွဲကရှိတယ်။ မနက်အထိ မသိမ်းသေးဘူး။ ငိုချင်းချ နေတုန်းပဲ။ ကျွန်တော့်တရားစခန်းမှာတစ်နေ့ခုနစ်ခါတက်ရတာမှာ ကျွန်တော်က ငါးခါ လောက်ပဲထိုင်နိုင်တာပေါ့လေ။ အဲဒီမှာတရားထိုင်နေတုန်း ဇာတ်ပွဲကလည်းမသိမ်း သေးတော့ အမေနဲ့သားနဲ့ပြောနေတာတွေ ကျွန်တော်မကြားတစ်ချက်ကြားတစ်ချက်ဗျာ။ ဇာတ်ပွဲက နောက်ပိုင်းတော်တော်ကောင်းပုံရတယ်။တရားကိုတော်တော် အာရုံစိုက် ထိုင်ရတယ်။ ဒါကြောင့် ဟိုတစ်နေ့က မြဝတီမှာ မနက်တိုင်း(၇)နာရီမှာ ဆယ့်ငါးမိနစ်တရား ဆိုတာလာတယ်လေ။ ဆယ့်ငါးမိနစ်နဲ့တော်တော်လေး လိုရင်းတိုရှင်းပဲ။ ဒီနေ့ဆိုရင်လည်း အရှင်ဦးဆန္ဒာဓိက ဟောသွားတာတွေရှိတယ်။ ဟိုတစ်နေ့ကလည်းဆရာတော် ရဝေနွယ် ဟောသွားတာလေးရှိတယ်။ အဲဒါလေးတွေကိုကြည့်ပြီး စိတ်ထဲမှာလည်း နူးညံ့တယ်။ ဘာသာရေးက ဘာသာရေးကိုယ့်ကိစ္စပဲ။ တခြားလုပ်စရာတွေလည်း အများကြီးရှိသေး တယ်ဆိုတာလေ။ ဘာလို့လဲဆိုရင် လူမှုရေးလုပ်ငန်းတွေ ဘာလေးတွေကလည်းရှိတော့ တစ်ရက်ဆို အနာကြီးစခန်းကိုသွားကြတယ်။ ကိုချစ်စံဝင်းတို့လင်မယားလည်းပါတယ်။ ဟိုကျတော့ သူတို့က အနာကြီးရောဂါသည်တွေနဲ့ သူတို့မိသားစုလိုဖြစ်နေတယ်။ အကုန် နာမည်တွေရော၊ ဘာတွေရောသိတယ်။ ကျွန်တော်တို့မော်တော်ကားလာတာကို ကျွန်တော် တို့လာမှန်းမသိဘူး။တချို့ကလည်းကိုချစ်စံဝင်းတို့လင်မယားလာတယ်ပဲ အောက်မေ့နေတယ်။ အနာကြီးစခန်းမှာလည်းကြည့်လိုက်တော့ ကျွန်တော်တို့က လက်ဆွဲဖို့ကြည့်လိုက် ရင် သူတို့ကလက်တွေကိုနောက်ကိုထားလိုက်တယ်။လူမှုရေးကိစ္စလေးတွေ ကိုချစ်စံဝင်းတို့ လင်မယား တော်တော်လုပ်ပါလားဆိုတာကို။ ကျွန်တော်ကလည်း ကျွန်တော်လုပ်ထားတဲ့ လက်စလက်နလေးပြချင်တော့ ကျွန်တော်ဘာလုပ်ရသလဲဆိုတော့ မိဘမဲ့ကလေးတွေ ထောက်ကြန့်မှာဂေဟာရှိတယ်။ အရင်ကကျွန်တော့်လှူဖူးတာလေးတွေရှိတယ်။ အဲဒီနေ့ ကလည်း ထောက်ကြန့်မိဘမဲ့ဂေဟာမှာ လမ်းကတော်တော်ပျက်ဆီးနေတယ်။ ကလေး တွေက ကစားကွင်းသွားချင်ရင် လမ်းကပျက်နေတော့ ကွန်ကရစ်လမ်းအဖြစ် ကျောင်းအုပ် ဆရာမကြီးကခင်းချင်တယ်။ ကျွန်တော်ကလည်း စိတ်ထဲမှာခင်းချင်တဲ့စိတ်ရှိတယ်။ နည်းလမ်းလေးတော့ရှာကြည့်မယ်ဆိုပြီး ဒေါ်မော်မော်ကလည်းပါတော့ တွက်ချက်ကြည့် လိုက်တော့ သိန်း(၉ဝ)လောက်ရှိတယ်။ဒေါ်မော်မော်ကတော့ မယုတ်မလွန်ဘယ်လိုပြော လဲဆိုတော့ ဗိုလ်ချုပ်လည်း တတ်နိုင်သလောက်လှူပါမယ်ဆိုပြီး အဲဒါလေးပဲပြောလိုက်တယ်။ ဒီကျတော့ ငါအကြံထုတ်ဦးမယ်ကွာလို့။ တို့လက်အောက်မှာဟိုတုန်းက ဆည်မြောင်းတို့မှာ လုပ်ခဲ့တဲ့ မိတ်ဆွေတွေလည်းရှိတယ်။ သူတို့နဲ့တိုင်ပင်ကြည့်ပြီး သူက နည်းနည်း၊ ကိုယ်က နည်းနည်း ဝိုင်းထည့်ရင်ရမှာပဲဆိုပြီး နောက်ကျတော့ အဲဒီလမ်းကပြီးသွားတယ်ဗျ။ အဲဒီလိုလူမှုရေးလုပ်ရရင်ကျေနပ်နေတယ်။ အခုလည်းကိုမြတ်ခိုင်တို့ ဒီနေ့ညနေလာမယ် ဆိုတော့ ပခုက္ကူက ကလေးမတစ်ယောက်က ငါးဘာသာဂုဏ်ထူးနဲ့အောင်တယ်၊ အလွန် ဆင်းရဲနေတယ်။ဆိုတော့ ဒါလေးကို ကိုမြတ်ခိုင်တို့နဲ့ပြောလိုက်ပြီး ဖြစ်နိုင်ရင် အကူအညီ တောင်းဖို့ နာမည်လေးနဲ့ပါပေါ့။ ဟုတ်ကဲ့။ ကျွန်တော်တို့ဆက်သွယ်လိုက်ပါ့မယ်။ ကျွန်တော်ကလည်း လှူပါ့မယ်။ ပညာရေးလိုအပ်နေတဲ့အချိန်မှာ ဒါမျိုးလေးလုပ် ဖို့ ကောင်းတယ်လေ။ နောက်တစ်ခုက တရုတ်ပြည်ကဆရာဝန်လင်မယားကိစ္စပေါ့။ တရုတ်ပြည် က မိသားစုကမူဆယ်ကနေ မြန်မာပြည်ထဲဝင်လာတယ်။ကလေးသုံးယောက်ပါ တယ်။ တရားမဝင် ဝင်တာနဲ့ဖမ်းတယ်။ သူတို့ကိုပြန်ပို့ရင် အသတ်ခံရမယ်လို့ သူတို့ကတောင်းပန်တယ်။ နောက်တော့ ဗိုလ်ချုပ်ကြီးစန်းယုဆီတင်ပြကြတယ်။ ဗိုလ်ချုပ်ကြီးစန်းယုက ဒီကိစ္စ စာနာထောက်ထားဖို့ရှိပေမယ့်ဒီ နိုင်ငံအရေးဖြစ်လို့ မူလခိုးဝင်တဲ့လမ်းကြောင်းကနေ ပြန်ပို့ဖို့ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။
အဲဒါ ကြောင့် အားလုံးကစိတ်မကောင်းဖြစ်ကြတယ်။အဲဒီမှာအန်ကယ်က လူကြီးဖြစ် လာလို့ရှိရင် နှလုံးသားအမြင်နဲ့ဆုံးဖြတ်လို့မရဘူးလို့ ဖော်ပြထားတာတွေ့ရပါ တယ်။အန်ကယ်တို့ကနိုင်ငံတော်အတွက် အရေးကြီးတဲ့တာဝန်ကိုထမ်းဆောင်တဲ့ အခါမှာ ဦးနှောက်နဲ့ပဲဆုံးဖြတ်တယ်လို့ အန်ကယ်ဆိုလိုချင်တာလား။ တခြားစိတ် ခံစားမှုတွေ၊နှလုံးသားခံစားချက်တွေထည့်စဉ်းစားဖို့မလိုဘူးလို့ message ပေး ချင်တာလား။ အဲဒါလေးသိချင်ပါတယ်။ အမှန်က ဗိုလ်ချုပ်ကြီးစန်းယုအနေနဲ့ကတော့ သူက ခေါင်းဆောင်ပီသတယ်လေ။ ဒီဥစ္စာသနားစဖွယ်ပဲတဲ့။ ပြန်ပို့မယ်ဆိုရင် တစ်ခါတည်းငိုလိုက်ကြတာ ကလေးတွေရော ပဲ။ သူတို့သွားချင်တာကလည်း ယိုးဒယားကတဆင့် ထိုင်ဝမ်တို့ ဘာတို့သွားချင်တယ်။ သူတို့ကလည်း ဆရာဝန်ဆိုတော့ စာတတ်ပေတတ်ပဲ။ ဟိုမှာကလည်း သိပ်ပြီးအခြေ အနေက မတိုးတက်သေးဘူး။ သူတို့ထွက်လာတာလည်း စွန့်စားပြီးထွက်လာတာ။ ဒါမျိုးတွေက အများကြီးပါပဲ။ ဒီအကြောင်းအရာကို တင်ပြတဲ့ရည်ရွယ်ချက်က ခေါင်းဆောင်လုပ်ရတာဟာ မလွယ်ဘူး။ အရာများစွာကိုချင့်ချိန်ရတယ်ဆိုတဲ့သဘောထား ကို တင်ပြတာပါ။ ဗိုလ်ချုပ်ကြီးစန်းယုက အတော့်ကို နှလုံးသားနူးညံ့ သိမ်မွေ့လှပေ မယ့်လည်း နှစ်နိုင်ငံထိန်းသိမ်းစောင့်ရှောက်ရမှာတွေလည်းရှိတယ်ဆိုပြီးတော့ လာလမ်း အတိုင်းပဲပြန်သွားပါဆိုတော့ ကြူကုတ်ကနေပြီးတော့ ကျွန်တော်တို့ပြန်ပို့လိုက်ရတာပေါ့။ သဘောကတော့ အထူးသဖြင့် ဗုဒ္ဓဘာသာနိုင်ငံတွေက သိပ်အားနာတတ်တယ်ဗျ။ ဒါပေမယ့် နှစ်နိုင်ငံကိစ္စက နှစ်နိုင်ငံကိစ္စပဲ။ ဥပမာ မက္ကစီကိုက အမေရိကားကို တစ်ဆင့်ကူး တာတွေကသိပ်များတယ်။ ဘယ်နိုင်ငံပဲဖြစ်ဖြစ်ကူးတာတွေကများတော့ အခုလည်း အမေရိ ကားက ဒါလေးတွေကိုကြည့်ပြီးတော့ တချို့လည်းလွတ်နေတဲ့ဧရိယာမှာ settle လုပ်ဖို့ပေါ့ လေ။ settle လုပ်ရင်တော့ ဇာတ်လမ်းတွေက အများကြီးရှုပ်သွားလိမ့်မယ်။ ဒါကို industrial town လေးတွေနဲ့ လုပ်ငန်းဖြစ်အောင်ဆိုပြီး ယိုးဒယားလည်း ဒါလေးတွေစဉ်းစား နေတယ်။ တချို့ကလည်း ဒါကိုပထမအဆင့်အနေနဲ့။ နောက်တော့ တခြား အဆင့်ဘက် ကူးကြတော့ သူတို့ဆီမှာဒီ burden ကြီးကရှိနေတော့ နောက်တစ်ဖက်က ဒီဘက်ကိုပြန် လာဖို့လည်း ရှိနေတယ်။ industrial zone လေးလုပ်ချင်တာကို ကျွန်တော်ဗန်ကောက်ပို့စ်မှာ တွေ့လိုက်တာပဲ။ ဟိုသင်းလေးတွေကတော့ အတော်ချိန်ဆရမှာတွေပေါ့ဗျာ။ အန်ကယ့်လ်စာအုပ်ထဲမှာ ဗိုလ်ချုပ်ကြီးစန်းယုရဲ့လစဉ်အသုံးစရိတ်က (၁၅ဝ)ကျပ်လို့ သတ်မှတ်ထားတယ်။ နေ့စဉ်သောက်တဲ့ လက်ဖက်ရည်နဲ့စမူဆာ နဲ့လည်း ဒီ(၁၅ဝ)ကျပ်ထဲကပဲ။ မကုန်ရင် ရုံးကိုပြန်အပ်သေးတယ်။ ဒီကိစ္စအရမ်း ကိုစိတ်ဝင်စားဖို့ကောင်းတာပဲ။ $ဒါက ကျွန်တော်တို့နိုင်ငံခေါင်းဆောင်တွေရဲ့အရိုးသားဆုံးနေတာကို တင်ပြလိုတာ ပါ။ ဗိုလ်ချုပ်ကြီးစန်းယုက ထမင်းချိုင့်ကို သူ့အိမ်ကယူလာသေးတယ်လေ။ (၁၅ဝ)ကျပ်က ဧည့်ခံစရိတ်နဲ့ လက်ဖက်ရည်ဖိုး။ ကျွန်တော်က သူ့ကိုဝယ်ဝယ်ပေးရတာတော့ ညနေ ဘက်ကျရင် စမူဆာနဲ့လက်ဖက်ရည်။ လက်ဖက်ရည်တော့ သူကြိုက်တယ်ဗျ။ မနက်ဆို မတ်ခွက်နဲ့သောက်တယ်။ ညနေ မတ်ခွက်နဲ့သောက်တယ်။ (၁၅ဝ)ကျပ်လောက်က သူ ကောင်းကောင်းလောက်တယ်ဗျ။ အဲဒီအထဲက ပိုလို့ ဖိနပ်ကိုဟောင်းလို့ သူ့တပည့် PSO ဗိုလ်စိုးမြင့်က ဝယ်ပေးတာကို သူက ''မင်းတို့ကွာ၊ ငါ့ဖိနပ်စီးလို့ရသေးတာကို ဝယ်မယ် ဆိုလည်း ငါ့အိတ်ထဲက ပိုက်ဆံနဲ့ဝယ်ပေါ့။ ဘာဖြစ်လို့(၁၅ဝ)ကျပ်ထဲက သုံးသေးလဲ''ဆိုပြီး အဲဒီလောက်ထိ ဟိုသင်းဖြစ်တာလေ။ ဒီလိုစိတ်ဓာတ်မျိုးရှိတဲ့သူလည်းရှိတယ်ဗျ။ ဗိုလ်ချုပ် တင့်ဆွေ မနေ့ကစာအုပ်ထဲမှာ မမစန်းက မီးဖိုချောင်မှာဆီပုံးပေးတာတောင် ယောက်ျား ဂုဏ်သိက္ခာငယ်လိမ့်မယ်ဆိုပြီး မယူလိုက်ဘူး။ တော်ရုံတန်ရုံလင်မယားချစ်ဆိုရင်တောင် သက်သာတာပဲကွာဆိုပြီး ယူထားလိုက်မှာပဲ။ ဒါပေမယ့်အရှည်ကို မျှော်တဲ့ အမျိုးသမီး။ အဲဒါလေးကိုပြောချင်တာလေ။ ဒါကို ပါရမီအချစ်လို့တင်စားခဲ့ပါတယ်။ဘုရားအလောင်းမှ ပါရမီဖြည့်ဖက်ရှိတယ်။ ကျွန်တော်လည်း ကျွန်တော့်အမျိုးသမီးကို ငါ့အဖေဆုံးမတာလေး ကိုပြောမယ်။ မင်းအရုပ်ကလေးတွေယူပြီး ကျောင်းသားလေးတွေ ဝေငှပေးတာက နည်းနည်းယူမိတာ။ ဒီအလေ့အကျင့်ကပါသွားပြီး နောက်အကြီးကြီးတွေလည်း ယူမှာပဲဆို ပြီး အဲဒါလေးကတော့ ကျွန်တော်တော်တော်ထိန်းတယ်ဗျ။ တော်ရုံထိန်းသိမ်းနိုင်မှ။ ဘာဖြစ်လို့လဲဆိုတော့ အခုဖြစ်တဲ့ဇာတ်လမ်းတွေကြည့်ပါလား။ တောင်ကိုရီးယားက နိုတေဝူးဆိုရင် တောင်ပေါ်ကခုန်ချတယ်။ ဖြစ်တာက ဖိနပ်ကုန်သည်ကြီးကနေ သူ့မိန်းမကို (၆)မီလျံလာဘ်ထိုးတယ်။ ဟိုဆရာကြီးကလည်းသူ့ဟာသူလာဘ်ထိုးတာကို အေးအေးဆေး ဆေးမနေဘူး။ သူ့စာရင်းထဲကနေ အဲလိုပေးခဲ့ဖူးပါတယ်ဆိုတော့ သမ္မတကနေ သူအငြိမ်း စား ယူသွားတဲ့အခါကျမှ ဒီဟာလေးဖြစ်တာ။ အဲဒီမှာတင် သူက ဟိုသင်းဖြစ်သွားတယ်။ တချို့လည်း ဇာတ်လမ်းလေးတွေ မကောင်းတဲ့အခါကျတော့ ထိုင်ဝမ်က သမ္မတဟောင်း လင်မယားဆို အခုထောင်အနှစ်နှစ်ဆယ်ချလိုက်ပြီ။ သူတို့ယူထားတဲ့ငွေကလည်း ၂ဝမီလျံဗျ။ အဲဒါလေးတွေဆင်ခြင်ဖို့လိုတယ်လေ။ နာမည်လေးတော့ကျန်ခဲ့တယ်။လူတွေကတော့ ဆင်းရဲတာပေါ့လေ။နာမည်ကျန်တာကပိုပြီးအရေးကြီးပါတယ်။အဲဒါက ပိုပြီးဂုဏ်သိက္ခာ ရှိပါတယ်။ ဦးချစ်စံဝင်း။ ။ တစ်လကို ၁၅ဝကျပ်။ဗိုလ်ချုပ်ကြီးကောအဲဒီလိုဆင်ခြင် ဖူးတဲ့အတွေ့အကြုံကော မရှိဘူးလား။ အန်ကယ့်စာအုပ်ထဲမှာတပည့်ဆိုးတစ်ယောက်အကြောင်းရေးထားတာ တွေ့တယ်။ ဆရာ့ထက်တပည့်လက်စောင်းထက်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး တပည့် မွေးတာဟာ သစ္စာရှိမှ၊ ကိုယ်ကျိုးမဖက်မှဖြစ်မယ်လို့ဖော်ပြထားတယ်။ မြန်မာ စကားမှာ တပည့်လိမ္မာ ဆရာအာပတ်လွတ်ဆိုတာလည်းရှိတယ်။ အဲဒီအပေါ်မှာ အန်ကယ့်အနေနဲ့ ဘယ်လိုမြင်လဲ။ အဲဒါလေးက ကျွန်တော် ခလရ(၉၉)က ခေါ်လာတဲ့တပည့်တပ်ကြပ်ကလေး။ သူက တော်တော်သွက်တယ်။ သူ့ဘာသာသူသွက်တာက တစ်ပိုင်းလေ။ ကျွန်တော့်အမျိုးသမီး ကိုတောင် သူက မနက်ဖြန် ဗိုလ်မှူးဘယ်ကိုသွားမယ်။ ဘာလုပ်မယ်။ ဘာတွေပြင်ဆင်ရ မယ်ဆိုတာကိုတောင် အမိန့်ပေးပေးနေတယ်။ ဇနီးကလဲ သူက ငါ့ကိုတောင် အမိန့်ပေးနေတယ်ဆို ပြီး သိပ်မကျေနပ်ဘူး။ ဒီကောင်လေးက သွက်လက်ချက်ချာတယ်ဆိုပြီး ကားသွားမယ်ဆိုရင်လည်း ကားဒရိုင်ဘာအဆင်ပြေလား၊ဘာဖြစ်လားဆိုတော့ ဒီကလေး လေးကတော့ သိပ်မဆိုးဘူးပေါ့။ သူ့နာမည်တော့ စာအုပ်ထဲမှာ ကျွန်တော်ရေးမိတယ်။ အဲဒီကလေးက နောက်ကျတော့ ဘာဇာတ်လမ်းပေါ်လာသလဲဆိုတော့ ကျွန်တော် ကတော့ ငါ့တပည့်လေးပဲ ငါ့ဌာနမှာတော့ မွေးလို့မရဘူး။ စခန်းရုံးကိုပဲ ကျွန်တော်လွှဲပေး လိုက်တယ်။ စခန်းရုံးမှာ သူဘာတွေဇာတ်လမ်းပေါ်တယ်မသိဘူး။ ဟို့လူကိုတိုင်၊ ဒီလူ့ကို တိုင်နဲ့ စခန်းမှူးတို့ ဘာတို့ကိုတိုင်တယ်။ တိုင်တော့ ကာနယ်ကြည်မောင်ကနေသိပြီးတော့ ကျွန်တော့်ကိုခေါ်တယ်။ မင်းတပည့်လားဆိုတော့ ဟုတ်ပါတယ်။ ကျွန်တော် ခလရ(၉၉)တုန်း က ဒီကို promotion နဲ့ရောက်လာတဲ့အခါကျတော့ ကျွန်တော်ခေါ်ထားတာပါဆိုပြီးတော့ ကာနယ်ကြည်မောင်က ဒီကောင်လေးက ဟိုတိုင်၊ ဒီတိုင်တဲ့။ ဒီလိုဆိုရင် မင်းလူကို ဒီ မှာထားလို့မရတော့ဘူးတဲ့။ ဒီပြင်နေရာပြောင်းရမယ်ဆိုတော့ ကျွန်တော်ပြောင်းပေးပါ့ မယ်ဆိုပြီးတော့ ကျွန်တော် မှတ်တမ်းရုံးတို့ ဘာတို့ရေးတယ်။ ရေးတော့ မှတ်တမ်းရုံးက ဘယ်ကိုပို့လိုက်လဲဆိုတော့ လားရှိုး-မူဆယ်ဘက်က တပ်ရင်းတစ်ရင်းကိုပို့လိုက်တယ်။ ပို့ လိုက်တော့ ဒီကောင်ကလည်း တော်တော်သွက်တဲ့ကလေးဆိုတော့ မှတ်တမ်းရုံးကိုလိုက် သွားတယ်။ မူဆယ်ဘက်အစား ပဲခူးနားကိုပို့ပေးပါဆိုတော့ ဒီကောင် ပဲခူးကနေဆက် သွယ်တာဗျ။ ငါပို့လိုက်တာ ဒီဟာကို။ သူက ဒီရောက်နေတယ်ဆိုတော့ အဲဒါမျိုးလေးတွေ ပေါ့လေ။ လူတော်ပေမယ့် လူကောင်းမဟုတ်တာတွေက ကျွန်တော့်ဘဝမှာ အများကြီးပဲ လေ။ လူတော်လူကောင်းဆိုတာက တော်တော်လိုတယ်။ လူမတော်ပေမယ့် ဆရာကထိန်း နိုင်တဲ့အတိုင်း ထိန်းနိုင်ရင်တော့ တော်သေးတာပေါ့။ မထိန်းနိုင်ရင်တော့ တော်တော်ဆိုး တဲ့ဟာလေးဖြစ်နေတယ်။ လူတော်လည်းလူတော်၊ လူကောင်းလည်းလူကောင်းဆိုရင် လက် ချိုးရေတဲ့အဆင့်လောက်ပဲရှိတယ်။ ကျွန်တော့်ဘဝ ကျွန်တော့်တပည့်တွေထဲမှာ အများအား ဖြင့်တော့ ကောင်းလည်းကောင်းပေမယ့် မတော်ဘူးဆိုတာတွေကများတယ်။ ဒါတွေက ဇာတ်လမ်းတော်တော်များတယ်ဗျ။ တစ်ချိန်ချိန်မှာ အလွတ်သဘောပြောရရင်တော့ တော် တော်ပြောချင်တယ်ဗျ။ ကျန်းမာရေးပတ်သက်ရင် လူငယ်တွေ စိတ်မချမ်းသာဖြစ်မျာစိုးလို့ဆိုပြီး လူကြီးတွေက သူတို့ကျန်းမာရေးကို ဖုံးဖိတတ်ကြတယ်တဲ့။ အန်ကယ်လ်ကိုယ်တိုင် ဒီနေ့အထိကျန်းမာအောင် ဘယ်လိုထိန်းသိမ်းလဲ။ ဒီလိုဖြစ်စဉ်တွေ တော်တော်များများမှာ လူကြီးလုပ်သူက ကလေးတွေမျက်နှာ ပျက်မှာတော်တော် စိုးရိမ်တယ်။ တချို့ဆို ကိုယ့်စိတ်ထဲမှာ ရောဂါဖြစ်နေတာ မသိစေချင်ဘူး။ မသိစေချင်တော့ တချို့တော်တော်များများက သူ့စိတ်ထဲမှာ တော်တော်ဆိုးတဲ့အခါကျမှ ကျွန်တော်ကဟိုသင်းဖြစ်တယ်။ အပြင်ရောက်တဲ့ကိစ$္စတွေမှာလည်း ဗိုလ်ချုပ်တင့်ဆွေ ဆိုလည်း သူရောဂါဖြစ်နေတာလေးတွေကို သူ့စာအုပ်ထဲမှာလည်းပါတယ်ထင်တယ်။ ဒါပေမယ့် လူတွေမသိအောင်နေတယ်။ တစ်ဘက်ကနေ ထိန်းထိန်းသိမ်းသိမ်းနဲ့နေတယ်။ ထိန်းသိမ်းတာလေးတွေက တချို့ဟာလေးတွေတော့ ကောင်းတဲ့ဟာလေးတွေရှိသလို မကောင်းတဲ့ဟာလေးတွေလည်း ရှိတယ်။ အန်ကယ့်မိတ်ဆွေ ကိုအေးမောင်အကြောင်းဖော်ပြထားတွေ့ရတယ်။ အန်ကယ် ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေထဲမှာ အဲဒီလိုစီးပွားရေး သမား တွေရဲ့အသုံးချမှုကိုကြုံဖူးလား။ အန်ကယ့်အနေနဲ့ဘယ်လိုထိန်းသိမ်းခဲ့ တယ်ဆို တာကို ဗဟုသုတအနေနဲ့ပြောပြပေးပါ။ စီးပွားရေးလုပ်တဲ့သူကတော့ အမြဲလေ သူ့အခွင့်အရေးလေးတွေတော့ သူစောင့် ကြည့်တာပဲ။ ဥပမာဆိုရင် ကိုအေးမောင်ဆိုရင် စီးပွားရေးပတ်သက်လို့ တော်တော်လေး ဟိုသင်းဖြစ်တယ်။ သူ့ဆီမှာ အနဲကုလားဆိုတာ လစာ ၂ဝဝ ပေးရတယ်။ ခင်ဗျားဗျာလို့ $ ဒီအနဲကုလား ဒန်အိုးဒန်ခွက်ရောင်းတာပြုတာလေး ကားတွေပေါ်တင်ပေးတာပဲရှိတယ်။ ဘာဖြစ်လို့ လစာ ၂ဝဝ တောင်ပေးသလဲဆိုတော့ သူတော်တာ ပြောပါ့မယ်တဲ့။ တစ်ရက် သူ့ရဲ့ ဒန်အိုးဒန်ခွက်အဟောင်းတွေရောင်းတာကို ကားပေါ်ကလူတွေကို လက်ဖက်ရည် တိုက်၊ ဘာတိုက်ညာတိုက်ဆိုတော့ ဟိုလူတွေ အာရုံက ဒီပြင်နေရာမှာပဲ။ အဲဒီသတ္တုချ လိုက်ရင် ဒါက First Grade ဆိုရင်လည်း Second Grade လုပ်ပစ်လိုက်တယ်။ Second Grade ဆိုရင်လည်း Third Grade လုပ်လိုက်တယ်။ သူ့ဆရာကတော့ အပေါ်ကသိ တယ်။ ဒီအနဲကုလားက ငါးကျပ်လောက်ကွာတာလေးတွေ ရှိတယ်။ အဲဒါလေးတွေကြည့် တော့ အဲဒီသဘောလေးပေါ့လေ။ လောပိတမီးပျက်လို့ သူ့ဒန်အိုးဒန်ခွက်စက်ရုံတွေက မီးမလာရင် သူက ကောက်ပြီးရောင်းချလိုက်ပြီ။ မီးပြန်ကောင်းရင် သူကနေ ကျွန်တော့်ကို ကိုချစ်ဆွေဗျာတဲ့။ ဒန်အိုးဒန်ခွက်အကြောင်းလေး နည်းနည်းပြောပြပါတဲ့။ သူကလည်း မီးအခြေ အနေ ဘယ်လိုလဲတဲ့။ လောပိတက နှစ်ရက်လောက်နေရင် ကောင်းမယ်ဆိုရင် နှစ်ရက်လောက်နေရင် သူက တစ်မျိုးတစ်မည်လုပ်တယ်။ ဝယ်စရာရှိတာလေး မဝယ်တာတို့ ဒါမျိုးတွေလုပ်တာတဲ့။ အဲဒါလေးတွေလည်း သူသုံးတော့ တစ်ရက်ဆိုရင် ကိုအေးမောင် ဆိုရင် ဗလီကြီးအောက်မှာကျွန်တော့်ကိုခေါ်ခေါ်သွားရင် ကျွန်တော့်မိသားစုလည်းလိုက် သွားတော့ ကိုချစ်ဆွေဗျာတဲ့။ ကျွန်တော်ဘယ်လိုလုပ်ရတယ် ဆိုတာလေး ဟိုအကြောင်း ဒီအကြောင်းလေးတွေပြောရင်းနဲ့ ဒါကြောင့် သူတို့အောင်မြင်တာပဲလို့။ အဲဒါလေး ကျွန်တော်မြင်တာပေါ့လေ။ သူတို့ကိုတော့ သတိဝီရိယနဲ့ရှောင်ရတာလေး တော်တော် များများရှိတယ်။ အန်ကယ့်စာအုပ်ထဲမှာ (၃၃)ဦးကော်မတီနဲ့ပတ်သက်ပြီး ဖော်ပြထားတာ တွေ့ရတယ်။အဲဒီဆွေးနွေးချက်ကိုနားထောင်ရတဲ့အခါမှာ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးကို စောက်ချပြီးလက်တွေ့လုပ်ဆောင်ဖို့လိုတယ်လို့ပြော ထား တယ်။ (၃၃)ဦးကော်မတီက နောက်တော့ ဘာဖြစ်သွားလဲ။ သူတို့ဆီကရော ဘာတွေရလိုက်သလဲ။ အဲဒီ (၃၃) ကော်မတီက အဘိုးကြီးတွေလည်း ကျွန်တော်က(၃၃) ဦးကော်မတီ အစည်းအဝေးမှတ်တမ်းကို ကျွန်တော်လိုက်ပို့ရတယ်။ ပါတီဥက္ကဋ္ဌကြီးရုံးဆိုရင် ဦးကိုကို ဆီပို့ရတယ်။ နောက်တစ်ခါ ပါတီဌာနချုပ်ပို့ရတယ်။ ပါတီဌာနချုပ်က ခုနက လှေကား ဘယ်နှထစ်လဲဆိုတော့ ၁၃၂ လေ။ အဲဒီ လှေကားက အချိန်မတော်ကြီးတက်ရတယ်။ တက်လို့ရှိရင် အဲဒီတုန်း ဦးထွန်းလင်းက ပါတီဌာနချုပ်မှာထိုင်တယ်။ ကျွန်တော်ဆင်းရင်လည်း လှေကားထစ်လေး တွေရေတော့ ကျွန်တော့်ခေါင်းထဲမှာ ၁၃၂ ပဲဝင်တာပေါ့လေ။ (၃၃) ဦးကော်မတီထဲမှာတဲ့ လူတွေက စကားပြောတော့ တော်တော်ကောင်းတယ်ဗျ။ ပါတီဥက္ကဋ္ဌကြီးဆီလည်းပို့ရတယ်။ ဗိုလ်ချုပ်ကြီးစန်းယုဆီလည်း ပို့ရတယ်။ ပါတီဌာနချုပ်ကိုလည်းပို့ရတယ်။ ဦးထွန်းလင်းတို့ ဆီလည်းပေးရတယ်။ ဒီဟာတွေပေးတဲ့အခါကျတော့ တစ်ရက်မှာ ဥက္ကဋ္ဌကြီးဆီသွားတော့ ဗိုလ်မှူးကြီးကိုကိုက မင်းချွေးတွေနဲ့။ ထမင်းဝင်စားပါလား။ လေးဆယ်စာ$၊ လေးဆယ်စာ ငါတို့လုပ်ထားတာတဲ့။ ဒါနဲ့ ကျွန်တော်ဝင်စားဖို့အချိန်မရဘူးဆိုပြီး ပြေးရတာပဲ။ အဲဒီလူ တွေထဲမှာ တချို့ဆိုရင် (၃၃) ဦးကော်မတီအစည်းအဝေးထိုင်နေတဲ့အချိန်မှာ မလာဘူး။ ပြီးခါနီးထမင်းစားချိန်ကျမှ ရောက်ရောက်လာတယ်။ ၃၃ ဦးကော်မတီရဲ့ အကြံပေးထားတာ ဘယ်လောက်အောင်မြင်တယ်ဆိုတာတော့ ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့သိတာ တော့ ဒီဥစ္စာတွေက မှတ်တမ်းအဖြစ်သာဝင်သွားပေမယ့် ဘာမှရေရေရာရာမရှိခဲ့ဘူးလေ။ ကျွန်တော်တို့လူငယ်တွေကတော့ သိပ်မသိဘူးပေါ့။ အပေါ်မှာတော့ ဘယ်လိုနေလဲတော့ မသိဘူး။ ဒီတော့ ပါတီဌာနချုပ်က လှေကားထစ်က အန်ကယ်ကိုယ်တိုင် ရေထား တာပေါ့နော်။ ကျွန်တော်က တက်ရင်းပြုရင်း အလင်းရောင်မှိန်မှိန်လေးနဲ့ရေရင်းနဲ့ တက်ရတာပဲ။ နေ့တိုင်းလို တက်ရတာပဲ။ ငါ အဲဒါတော့မှတ်ထားဦးမယ်ဆိုပြီး ကျွန်တော်ရေလိုက်တာ တော့ (၁၃၂)လို့ပဲ မှတ်မိတယ်။ အန်ကယ်က ကယားပြည်နယ်ကို အတွယ်တာဆုံး၊ သံယောဇဉ်အရှိဆုံးလို့ ဘာကြောင့်ရေးထားတာလဲ။ ကယားပြည်နယ်က သံယောဇဉ်ရှိစရာလေးကလည်း ရိုးသားမှုလေးနဲ့ပေါ့။ မော်ချီး ဘက်မှာလည်း ကျွန်တော်သွားနေရသေးတယ်။ ထိထတို့ ဘာတို့ဆိုတာ ခဲမှောင်ခိုတွေ။ အဲဒီတုန်းက ခဲက ဘယ်လောက်ထိ ဟိုသင်းဖြစ်သလဲဆိုရင် ပိုလိုစီးကရက်ဗူးနဲ့ ခဲတစ်ဗူးကို ငါးမူးပဲ။ ဒါပေမယ့် နှစ်ကျပ်ဈေးရှိတယ်။ အဲဒါကို ငါးမူးနဲ့အစိုးရကိုတင်ပြီးတော့ အပြင်မှာ ထိထမှာမှောင်ခိုနဲ့ ပြန်ထုတ်တယ်။ အဲဒီမှာသွားရင်းပြုရင်းနဲ့ တချို့ရဲဘော်လေးတွေဆိုရင် လည်း ဘာတွေ့လဲဆိုရင် ယိုးဒယားရယ်၊ ကရင်ပြည်နယ်ရယ်၊ ကယားပြည်နယ်ရယ် ဆုံတဲ့နေရာရှိတယ်။ အဲဒီနေရာကလည်း အရင်က ဘယ်သူမှမသွားဘူးဗျ။ တချို့သွား တာလည်း လမ်းတစ်ဝက်ပြန်ပြေးလာရတယ်။ ကျွန်တော်လည်း ဒုက္ခသုက္ခနဲ့ ကျွန်တော့် ပစ္စည်းတွေ ရေထဲကျပြီးတော့ အဲဒီအထိရောက်သွားတာပေါ့လေ။ ထိထမှာ ဟိုတုန်း ကတည်းက ပဲကြိတ်စက်ဆိုတာကျွန်တော်တို့မကြားဖူးဘူး။ ထိထ နားရောက်တဲ့အခါကျတော့ ပဲကြိတ်စက်တွေ မှောင်ခိုက တော်တော်ဝင်တာပဲ။ ဒါပေမယ့် မှောင်ခိုခေတ်ကောင်းတယ် ဆိုတာဟာ ကျွန်တော်တို့က ပဲ့ချိတ်လှေတွေလည်းမိတဲ့အခါကျတော့ ပဲ့ချိတ်လှေဆိုတာ ထိထကျမှ ကျွန်တော်တွေ့ဖူးတာ။ အဲဒါ ထိထ ကနေပြီးတော့ ခဲတွေသယ်ဖို့ဘယ့်နှယ် လုပ်မလဲဆိုတော့ အထမ်းသမားတွေကို ပဲ့ချိတ်နှစ်စီးစာအပြည့်တင်ပြီးတော့ ကဲ မင်းတို့ ဖြည်းဖြည်းပဲတက်သွားတော့ဆိုတော့ သူတို့တက်သွားတာ ခြောက်နာရီလောက်နဲ့ ဖာဆောင်း ကို ရောက်သွားတယ်။ အဲဒီ ညကြီးဝင်လာတဲ့အခါကျတော့ ပဲ့ချိတ်စက်သံ တွေလည်း ကြားလည်းကြားရော ဖာဆောင်းထဲက လူတွေက ပုန်းကြပြုကြနဲ့ပေါ့။ ဖာဆောင်းက မြို့လို့သာနာမည်ခံထားတာ တကယ်က ရွာပဲ။ ရတဲ့ခဲသားတွေကို welfare အတွက် မော်ချီးကိုသွင်းလိုက်ပါလို့။ နောက်ပြီး ကယားပြည်နယ်မှာ ကျွန်တော်ကြုံခဲ့တာတွေက ရွာမှာလူမှုရေးကိစ္စလေး တွေလုပ်ပေးရ၊ ပြုပေးရတော့ ဒီဟာလေးက ကောင်းတယ်ဆိုတဲ့ စိတ်ကလေး ပေါ်တယ်။ ကျွန်တော့်ကိုသတ်ဖို့ဆိုပြီး တောထဲလွှတ်တာရှိတော့ လူကြီးတွေကလည်း မော်ချီး က ဒါတွေမလုပ်ရဘူးဆိုပြီးတော့ ကျွန်တော်တရားဟောတဲ့ ဘုရားကျောင်းတွေမှာဆိုရင် သူပုန်တွေချည်းပဲဗျ။ တစ်ရွာနဲ့တစ်ရွာနဲ့ကလည်း ဟိုဘက်ကကြက်တွန်သံကို ဒီဘက်ကနေ ကြည့်လိုက်တာ ကြက်တွန်ပါလား၊ ဘုရားကျောင်းကခေါင်းလောင်းတီးပါလားဆိုပေမယ့် သွားရင် နေ့ဝက်လောက်သွားရတာ။ အဲဒီလိုနေရာလေးတွေ အုပ်ချုပ်ရတော့ စာအုပ်ထဲမှာ တော့ စုံအောင်ပါပါတယ်။ ကယားပြည်နယ်က လူတွေကလည်း ကျွန်တော့်ကို သံယောဇဉ် ရှိတော့ တချို့လည်း ကျွန်တော့်ကို အိမ်တွေဘာတွေလက်ဆောင်ပေးတာ။ ဒီအိမ်ကြီး တွေယူလို့ ကျွန်တော်လည်း လာမနေနိုင်ဘူး။ သူတို့ကလည်း ကတိတောင်းတာက ကျွန်တော်လာနေပါဆိုတော့ ကျွန်တော်က လာနေနိုင်မှာမဟုတ်ဘူးလို့။ နောက်ဆုံးကျတော့ ရွှေဆွဲကြိုးကြီးတွေပေးတယ်။ စာအုပ်ထဲမှာလည်း ကျွန်တော်ရေးထားပါတယ်။ အဲဒါတွေလည်း ကျွန်တော်လက်မခံတော့ ကရင်ဒုံးယိမ်းအဝတ်အစားပဲယူလာပြီးတော့ ရုရှားမှာ ကျွန်တော့်သမီးကြီး ဒုံးယိမ်းနဲ့ပဲ ဖျော်ဖြေရတယ်။ အန်ကယ် တိုင်းမှူးဘဝနဲ့လွိုင်ကော်မှာနေတုန်းက အန်ကယ်က တပ်ရင်း က နယ်မြေကကျယ်၊ရန်သူကလည်းများတော့သနားစရာကောင်းတယ်။ ရွာတွေ မှာလည်း ရန်သူတွေရှိတယ်။ မြို့မှာလည်းရှိတယ်လို့ပြောတော့ မြို့ပေါ်မှာ ရှိတဲ့ရန်သူက ဘယ်လိုရန်သူမျိုးလဲ။ မြို့မှာရှိတဲ့ရန်သူက တောကရန်သူပဲ။ တောကနေ မြို့တက်ပြီးနေတဲ့လူတွေ သူတို့က ညဘက်မြို့ပြန်အိပ်တာလည်းရှိတယ်။ အမတ်ချုပ်ကြီးအိမ်နဲ့ ကျွန်တော့်စစ်တပ်နဲ့က တစ်မိုင်ခွဲလောက်ရှိတယ်။ ညနေတိုင်း အမတ်ချုပ်ဦးဘိုးထယ်ကြီးအိမ် ကျွန်တော်သွား ပြီးတော့ တွေ့ဆုံတယ်။ သူလည်း ကျွန်တော့်ဆီလာတယ်။ အဲဒီမှာ လမ်းမှာတွေ့တဲ့ ကလေးတွေက သောင်းကျန်းသူလေးတွေပဲ။ စိတ်က အဲဒါဆိုတော့ ဒါတွေကလည်း အင်္ဂလိပ်ခေတ်ကတည်းကဆိုတော့ သူတို့ပြည်ထောင်စုနေ့တွေဘာတွေမရှိခင်က ကယားပြည်နယ်ဟာ သက်သက်ပဲဆိုပြီး သွေးခွဲထားတာဗျ။ နောက်တော့ ကယား ပြည်နယ်က သပ်သပ်မဟုတ်ဘူးဆိုတာပေါ့။ အဲဒီတုန်းက နိုင်ငံရေးအခြေ အနေက သိပ်မကောင်းချင်ဘူး။ လူကလည်း နှစ်ယောက်နဲ့တစ်ပိုင်းပဲရှိတယ်။ အဲဒီမှာ လူဦးရေကလဲ တစ်သိန်းနဲ့ရှစ်ထောင်ပဲရှိတယ်။ မြို့နယ်က ခြောက်မြို့နယ်။ အကုန်လုံးကလည်း ဗိုလ်ချည်းပဲ။ ဗိုလ်ဆိုတာလည်း သူတို့အရည်အချင်းနဲ့ ဗိုလ်ပေမယ့် ကျွန်တော့်ကိုသတ်ဖို့ကြိုးစားပေမယ့် နောက်ဆုံးကျတော့ မသတ်ရက်လို့ပါဆိုပြီးတော့ မော်ချီးကဆင်းလာတဲ့သူကပေါ့။ အဲဒီ အချိန်တုန်းက ကျွန်တော်က ရဟတ်ယာဉ်လေးနဲ့ခဏလေးသွားတဲ့အချိန်မှာ သူက လာနှုတ်ဆက်ပြီးတော့ ပြောသွားတယ်။ အဲဒီအချိန်မှာတော့ ကျွန်တော် ဝန်ကြီးဖြစ်နေပြီ။ သူ ငယ်ငယ်ကတည်းက ကျွန်တော့်ကို သတ်ဖို့ကြိုးစားတာလေးတွေ၊ သူတို့မသတ်ရက်လို့ မသတ်ဘူးဆိုတာတွေ။ ကယားပြည်နယ်နဲ့ပတ်သက်ပြီး ကျွန်တော်အထူး ပြောချင်တာက အဲဒါလေ ကိုယ့်လူအများသိအောင်ထည့်ရေးစေချင်တယ်။ အခု ခါကာဘိုရာဇီတို့၊ ဖုန်ကန်ရာဇီတို့၊ နတ်မတောင်တို့ တောင်တက်တွေသွားကြတော့ ကယားပြည်နယ်ကလည်း ဒီအိမ်မှာလည်း လာပြောတယ်ဗျ။ ကျွန်မဆီမှာလည်း ပေရှစ်ထောင်မြင့်တဲ့ နတ်တောင်ကြီး ရှိတယ်တဲ့။ အဲဒါကိုလည်း တက်စေချင်တယ်တဲ့။ အဲဒီမှာ သမ္မတကြီးဦးဝင်းမောင် လက်ထက်တုန်းက သူကိုယ်တိုင်လေထီးနဲ့ဆင်းတာတဲ့။ လေထီးနဲ့ဆင်းတဲ့အခါကျတော့ ရွှေတို့ငွေတို့ကို နတ်တောင်ထိပ်ဖျားမှာဝှက်ထားခဲ့တယ်ဆိုတာပဲ အခုထက် ထိရှိတုန်းပဲတဲ့။ အဲဒါလေးတွေကို အဲဒါလေးတွေ ဖော်ပေးပါဆိုတော့ အဲဒီတုန်းက အဲဒီပုဂ္ဂိုလ်တွေ ဓါတ်ပုံတွေကတော့ကိုချစ်စံဝင်းရေ(ဦးချစ်စံဝင်းဘက်လှည့်ရင်း)ခင်ဗျားနဲ့ ကျွန်တော်နဲ့စဉ်းစား ဖူးသေးတယ်နော်။ သူတို့ကျားတွေသတ်ထားတာကို ကျားကြီးကို အောက်ကခင်းပြီး ဓာတ်ပုံရိုက်ထားတာလေးတွေ အဲဒါတွေပါပါတယ်ဗျ။ အဲဒါနတ်တောင်ပေါ်မှာ။ အဲဒါ လေထီးဆင်းတုန်းက အကြောင်းတွေပေါ့လေ။ အဲဒီဂူထဲမှာရှိတုန်းပဲ။ ဒီမှာ ဦးစောနိုး ဆိုတာ အခုထိ သက်ရှိထင်ရှားရှိတုန်းပဲ။ အသက် ၉ဝ ကို တော်တော်ကျော်နေပြီ။ ဦးစောနိုးနဲ့သူ့မြေးတွေနဲ့ သူ့သမီးနဲ့။ သူ့မြေးတစ်ယောက်ပြောတာက အခုဆိုရင် အချင်းချင်းညှိလိုက်ရင်ရပါတယ်တဲ့။ သူပုန်ကလည်း နည်းနည်းပဲရှိတာပဲတဲ့။ ညှိလိုက် ပါလားဆိုပြီးတော့ ဦးစောနိုးကသူမသေခင် သူက နတ်တောင်ကိုတက်စေချင်တယ်။ တောင်တက်အဖွဲ့တွေက ဒီပြင်နေရာတွေတက်နေတော့ ဒီကလေးတွေကလည်း တက်ချင် တယ်။ အဲဒါလေးက ကျွန်တော်အြေ<ွကးကျန်နေတော့တွေ့တဲ့သူတိုင်းကို ကျွန်တော် အမြဲပြောတယ်။ အဲဒီဦးစောနိုးဆိုတာ ဟိုခေတ်ကဆူဗေဒါအနေနဲ့ရှိခဲ့တာ။ သစ်တော ကျောင်းဆင်းလည်းဖြစ်ခဲ့တယ်။ ပျဉ်းမနားမှာဆင်းတာတဲ့။ သူက လိုလိုလားလားနဲ့ ကယားပြည်နယ်မှာရှိတဲ့ အလွန်လှပတဲ့နတ်တောင်ကိုတက်ဖို့အတွက် အဲဒါ ခဏ$ခဏ လာပြောတယ်ဗျ။ ခရစ္စမတ်နေ့ကျရင် စာရေးရင်လည်း ကျွန်တော့်ကို အဲဒါလေးတက် စေချင်တယ်တဲ့။ အဲဒီထဲမှာပစ္စည်းတွေလည်း ရှိတယ်တဲ့။ သူတို့လိုချင်လို့လည်းမဟုတ်ပါ ဘူး။လူအများအတွက် ဒီထဲမှာဝှက်ထားတာလေးရှိလို့ပါတဲ့။အဲဒီမှာလည်း စာအုပ်ထဲမှာ တော့ ကျွန်တော်ရေးထားတာပေါ့လေ။ နတ်တောင်မှာငှက်ကြီးတွေ၊ ငှက်ကြီးတွေ သွားတာတို့၊ ကျားတွေ၊ ဆင်တွေလည်းရှိတယ်။ ကျားနဲ့ရိုက်ထားတဲ့ဓာတ်ပုံကိုလည်း ကျွန်တော်တို့ကိုပေးလိုက်တယ်။ အဲဒါတော့ ကျွန်တော်မရေးဖြစ်သေးဘူးဗျ။ ဒါကြောင့် ကယားပြည်နယ်ကို ကျွန်တော်တော်တော်သံယောဇဉ်ရှိတယ်ဗျ။ အန်ကယ့်စာအုပ်ထဲမှာ သံလွင်မြစ်ကို သောင်းကျန်းသူတွေက မသမာတဲ့ နည်းသုံးတယ်။ ဒေသခံတွေကလည်း အဲဒါကိုနောက်ယောင်ခံပြီး သံလွင်မြစ်ကို အသုံးချတယ်။ ညဘက်မှာရှေးဟောင်းပစ္စည်းတွေ၊သစ်တုံးတွေ ရေစီးနဲ့မျှောချပြီး စီးပွားရှာတယ်။ ရှေးဟောင်းဘုရားတွေလည်းပါတယ်။ အဲဒီဘုရားမှာထိုးထားတဲ့ ကမ္ဗည်းတွေက ပခုက္ကူဘက်က ဘုရားတွေလို့သိရတယ်။ ပခုက္ကူက ဘုရားတွေကို သံလွင်မြစ်အထိ ဘယ်လိုရောက်လဲသယ်လာခဲ့လဲ။ အရမ်းလည်း ဝေးတယ်ပေါ့နော်။ ဘုရားကတော့အမျိုးစုံပဲ။ သူတို့သွားတဲ့လမ်းကြောင်းက တောင်ကြီးနားကနေ ဝင်တာ။ တောင်ကြီးနားကဖြတ်ပြီးတော့ လွယ်လင်လေးဆိုတာရှိတယ်။ ကယားနဲ့ရှမ်းနယ်စပ်ပေါ့လေ။ ဟိုဘက်ကတော့ ဖယ်ခုံ။ ဒီဘက်က လွိုင်ကော်ပေါ့။ အဲဒီနယ်စပ်မှာ လွယ်လင်လေးမှာလည်း တံတားထိုးထားပြီးသွားပြီ။ အဲဒီကနေဖြတ်ပြီးတော့ ထိထကိုသွားတဲ့လမ်းမှာ ကယားပြည်နယ်အရှေ့ဘက်ဆုံးမြို့လေးပဲ။ ကျွန်တော့် စာအုပ်ထဲမှာလည်းပါတယ်။ အဲဒီမြို့ကနေပြီးတော့ သံလွင် တာတံမော့ဆိုတာရှိတယ်။ အဲဒါ အကောက်ဂိတ်ပဲ။ အကောက်ဂိတ်ကနေပြီးတော့ ဟိုဘက်ကိုကူးလိုက်ရင်တော့ ကြိုက် သလို သွားလို့ရတာပေါ့နော်။ အဲဒီလိုသွားလိုက်တယ်။ အဲဒီတော့ ဒီဟာလေးဖြစ်တဲ့အခါကျတော့ ကျွန်တော်ကဘာတွေ့လဲဆိုတော့ ဒီလမ်းကြောင်းလေးကို ဟိုသင်းဖြစ်တယ်။ ကျွဲနွားတွေက လည်း ရခိုင်ဘက်ကနွားတွေဗျ။ ဒီအထိကိုလာတယ်ဗျ။ ပြီးတော့ ယိုးဒယားကိုပို့တယ်။ အဲဒါနဲ့ပတ်သက်ပြီးယိုးဒယားပို့တော့ဒီဥစ္စာလေးကလည်းဇာတ်လမ်းလေးတစ်ပုဒ်ရှိလာ တာပေါ့ဗျာ။ ကြုံကြိုက်တဲ့အခါလေးတော့ ထည့်လိုက်ပေါ့နော်။ ထိထစခန်းကိုတိုက်ပြီးတော့ရိက္ခာမလောက်ဘဲ ရှေ့ဆက်သွားတော့ ရဲဘော် တချို့သေချင်သေပါစေ၊မလိုက်ဘူးဆိုပြီးနေခဲ့တယ်။နောက်တော့မှ လိုက်လာကြတယ်။ တပ်မှာမလိုက်ချင်ရင်ကော နေခဲ့လို့ရလား။ အဲဒါအသွားမှာဗျ။ တပ်ကလွိုင်ကော်နော်။ ခဲမဖြူဆိုတာ သံလွင်မြစ်အတိုင်း အနောက် ဘက်ကမ်းကနေ သွားရတာ။ တောင်အမြင့်တွေက သွားရင်တော့ ဖြူးဖြောင့်နေတာပဲ။ အဲဒါကိုပြန်တက်ရတယ်။ သုံးလေးရက်ခရီးသွားရတယ်။ ပထမနေ့က ရဲဘော်ကလည်း ရဲဘော်အသစ်ကလေးတွေဗျ။ကျွန်တော်မလိုက်ချင်ဘူး .... ဘာဘူးညာဘူးနဲ့ မင်းတို့မလိုက် ချင်လည်း တို့ရည်မှန်းချက်အတိုင်းသွားရမှာပဲ။ ထိထ ရောက်အောင်သွားမယ် ဆိုပြီး မလိုက်ချင်တဲ့ကောင်လေးတွေလည်း မလိုက်ချင်ရင်ထားခဲ့မယ်ဆိုပြီး ဇွတ်ပြော တော့လည်း ဒီကောင်တွေလိုက်လာတာပဲ။ လူငယ်တွေဆိုတော့ ဒီလိုပြောကြ ဆိုကြတာတွေရှိတာပေါ့။ရောက်တော့ရောက်သွားတာပဲ။ ထိထတို့ဘာတို့ သိမ်း ပြီးတော့ ကျွန်တော်တို့ပြန်လာကြတာပေါ့လေ။ ရဲဘော်ကအငယ်လေးတွေဗျ။ ရဲဘော်က ၁၈ နှစ်လောက်ဆိုတော့ပျော့တယ်။$ပင်ပန်းတယ်ပေါ့ဗျာ။ တောင်တက်လိုက် နောက်တစ်ခါရေလည်း မရှိဘူးဗျ။မိုးလာရင်လည်း မိုးကာအင်္ကျီလေးထုတ်ပြီး ရေပေါက်ကလေးတွေရတော့ ကိုယ့်ဟမ်းကော၊ရေဘူးထဲထည့်ကြတယ်။ အဲဒါမျိုး လေးတွေဖြစ်တယ်။ ပင်ပန်းတဲ့အခါကျရင် ရဲဘော်အသစ်ကို ညှာညှာတာတာနဲ့လေ။ သူကိုယ်တိုင်ကလည်း နွဲ့ဆိုးဆိုးတာပေါ့လေ။ မလိုက်ဘူးဆိုရင်မင်းနေခဲ့။ တို့က တော့ဆက်သွားမှာပဲဆိုပြီး နောက်တော့ လိုက်လာတာပဲ။ ရပါပြီခင်ဗျ။ အန်ကယ်လည်း ပင်ပန်းနေပြီ။ | < Prev | Next > |
|---|