Literature - Vol2 No.94
ကျွန်တော် ကိုယ်တိုင်လည်း ယဥ့်အခြေအနေကို တွေ့ခဲ့သည်။ သို့သော် ကိုကိုသည် ယဉ်သည်လို မဟုတ်ဟု မျှော်လင့်စိတ်ဖြင့် ငြင်းသည်။ ယခုမူ ရှင်းပါချေပြီ။ ယဉ်သည် ကိုကို့ကို သံယောဇဉ် မရှိတော့။ ကျွန်တော် ကိုကို့ကို မည်သို့ ပြောပြရမည် မသိ။ ''ငါမေးတာ ဖြေစမ်းပါအုံးကွာ၊ ငါ့ရင်တွေ အရမ်းခုန်နေတာဘဲ'' ''ကြားခဲ့ရတဲ့ သတင်းတွေဟာ အားလုံး အမှန်ချည်းပဲလို့ ကိုကို မှတ်လိုက်ပါဗျာ'' ကိုကို့ခေါင်းသည် စိုက်ကျသွားသည်။ အတန်ကြာမှ မေးသည်။ ကျွန်တော် တွေ့ကြုံ လာခဲ့ရသည် တို့ကို မြိတ်ဆာမျှပင် မချန်။ တစ်လုံးမကျန် ပြောပြလိုက်သည်။ ပြည်ဖုံးကား ကျပြီဟု ကိုကိုတွေးမိမည် ထင်ပါသည်။
''တစ်ယောက်နဲ့ တစ်ယောက် အယူအဆမတူလို့ ကွဲကြတယ်ဆိုရင်တော်သေးရဲ့ ကွာ။ ခုတော့ ငါ့မှာ ဘာမှမည်မည်ရရ မသိဘဲ ယဉ်ဒီလိုလုပ်သွားတာ နားကိုမလည် ဘူး၊ ယဉ်နဲ့တွေ့ပြီး သေသေချာချာမေးကြည့်ချင်စမ်းလှတယ်'' ကျန်ခဲ့သည့်လက ဝေဘာဂီမဂ္ဂဇင်းထဲတွင်'နွေရွက်ြေ<ွက' အမည်ရှိသော ကဗျာရှည် တစ်ပုဒ်ကိုရေးပြီးသည့်နောက် ကိုကို ဤသို့ ဆိုသည်။ သူ့ကဗျာကသူနှင့်ယဥ့်အကြောင်း ပင်ဖြစ်သည်။ နွေအခါတွင် သစ်ရွက်စိမ်းတို့ ဝါကျင့်လာသည်။ နွေရွက်ဝါတို့အနက် အများအပြားမှာ လေပြင်းလေညင်းတိုက်ခတ်၍ြေ<ွကကျရသည်။ သို့ပေလင့် သစ်ရွက်တစ်ရွက်မှာမူ လေ မတိုက်လျက်အလိုလိြုေ<ွကကျသွားရသည်။ြေ<ွကသွားရသည်မှာ သင့်ပါသည်။ အကြောင်းမူ နွေကပင် သစ်ရွက်စိမ်းကိုဝါ၍ ခြောက်စေပြီးမှဖြင့် ထိုသစ်ရွက်သည်ြေ<ွကရုံတမည်သာကျန်တော့သည်။ လေတိုက်၍ြေ<ွကရလျှင် လေနှင်ရာလွင့်ရဦးမည်။ လေမတိုက်လျက်နှင့်ြေ<ွကရသဖြင့် အပင်အောက်တွင် ထိုသစ်ရွက်ခြောက်နေခွင့်ရနေသေးသည်ဟု ကိုကို့ ကဗျာကဆို၏။ ကဗျာဆိုတာ ပုဂ္ဂလိကခံစားချက်ကို ရေးဖို့မဟုတ်ဖူးဟု ဆိုသော ကိုကိုသည် ဤကဗျာကို ယဥ့်အားတမ်းတသံဖြင့်ရေးကြောင်း သူကိုယ်တိုင် ထုတ်ပြောပြချေပြီ။ ''တစ်သက်ပန် မခွဲပါဘူးလို့ ဆိုခဲ့တာလဲ ယဉ်၊ နှလုံးသားနဲ့ထပ်တူ ထပ်မျှ ချစ်ရပါတယ်ဆိုတာလဲ ယဥ့်စကား၊ မောင်နဲ့ခွဲရရင် ယဉ်သေမှာ ဘဲဆိုတာလည်း ယဉ်ပြောတာဘဲ၊ ခုတော့ အို ဘာနားလည်ရမှန်းတောင် မသိတော့ဘူး'' အစကတော့ သည်လောက်ပင် အဖြစ်သည်းလှချည်လားဟု ကိုကို့ ကို ငြိုငြင်ချင်ခဲ့သည်။ နောင်တော့လည်း အသည်းမကွဲစဖူး ကွဲရလေ သော သူ့ကိုကိုယ်ချင်းစာမိသည်။ အချစ်ဦးနဲ့လွဲရသည့်ဘဝကို မခုံမင် လိုတော့သည့်အဖြစ်မျိုးရောက်တတ်သူတွေပင် ရှိသေးသည်။ အကောင်း အဆိုး မခွဲခြားနိုင်သည့်အဖြစ်မျိုးကိုမူ ကျွန်တော်ပင် ကြုံဘူးခဲ့ချေပြီ။ အကျိုးအကြောင်းကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ကင်းမဲ့တတ်သည့်ဘဝသို့ ကျွန်တော်ပင် ကြုံဖူးခဲ့ချေပြီ။ အချစ်ဟောင်း၏မျက်နှာသည် တရစ်ဝဲဝဲ၊ တဝဲလည်လည်၊ အချစ်ဟောင်း၏စကားသံနှင့်သစ္စာထားတေးကို နား တွင်တရံမဆိတ်ကြားယောင်နေတတ်သောဘဝသို့ ကျွန်တော်ပင်ကြုံ ခဲ့ဘူးခဲ့ချေပြီ။ လွန်လေပြီးသော (၆)နှစ်၊ (၇)နှစ်ကာလမှ အချစ်ဟောင်းကို တွေးမိ သည်ရှိသော် ကျွန်တော့်ရင်သည် နာကျင်နေတတ်ပါသေးသည်။ ယခုတိုင် လွမ်းဆွတ်တသလျက် ရှိတတ်ပါသေးသည်။ ကျွန်တော့်၌ပင် ဤသို့ရှိ နေသေးပါက လတ်တလောရင်ကွဲနေသူ ကိုကို့အဖို့ အဘယ်ဆိုဖွယ် ရှိချိမ့်အံ့နည်း။ သို့နှင့် ကိုကို့ကို အားပေးနှစ်သိမ့်ခဲ့ရသည်။ သို့နှင့် လ အတန်ကြာရလာသည်။ကိုကို့အမူအရာ၊အပြောအဆိုတို့သည်မူ လုံးဝ မပြောင်းလဲ၊ ယဉ်အိမ်ထောင်ပြု၍ တစ်နှစ်ပြည့်လုနီးနီးတွင်ကိုကိုက စကားတစ်ခွန်း ပြော၏။ ''ယဉ်နှင့်သိပ်တွေ့ချင်တယ်ကွာ၊ ပြီးတော့ ကိုကို့မှာ ဘာအပြစ်ရှိ လို့ ခွဲခွာသွားရတာလဲဆိုတာ မေးချင်တယ်'' မလွှဲမရှောင်သာ၍ ကျွန်တော်ပြောရလေတော့သည်။ ''မဟုတ်ဘူးကိုကို၊ ယဉ်လိုရက်စက်တဲ့မိန်းမတစ်ယောက်ရဲ့ မျက်နှာကို ကိုကိုကြည့်ချင်သေးတာ ကျွန်တော်အံ့တယ်။ ကိုကိုပြောခဲ့ သလိုပေါ့။ အကြောင်းမဲ့ စိမ်းကားတယ်ဆိုတာ စော်ကားခြင်းတစ်မျိုးပဲ။ ကိုကို့ကိုလူမထင်တာဘဲ။ အင်မတန်မိုက်ရိုင်းတဲ့ အပြုအမူကို ပြုဘူးတဲ့ မိန်းမဆိုးတစ်ယောက်ကိုမေ့ပစ်သင့်ပြီလို့ ကျွန်တော်ထင်တယ်။ မေ့ ချိန်လည်း တန်ပါပြီ ကိုကိုရာ၊ ကိုကိုက ဘာအပြစ်ရှိလို့ ခွဲခွာသွားရ တာလဲလို့ မေးချင်တာ ကျွန်တော်နားမလည်ဘူး။ သစ္စာမဲ့သူတွေရဲ့ ထုံး မှာ အပြစ်ရှိတာမရှိတာဟာ အသုံးမဝင်ပါဘူး။ ကျွန်တော်တို့ကသာ ယဉ်ဟာအကြောင်းမဲ့ စိမ်းကားတယ်လို့ ဆိုရပေမဲ့ရင်ထဲကအကြောင်းကို ဘယ်သူ မှမသိနိုင်ပါဘူး'' ''ဘယ်သူ့ရင်ထဲကအကြောင်းလဲ'' ''ယဥ့်ရင်ထဲက အကြောင်းပေါ့၊ သူ့မှာတော့ လုံလောက်တဲ့အကြောင်းရှိပါတယ်'' ''ဘာအကြောင်းလဲဟင်၊ ဘယ်လိုအကြောင်းလဲ'' ''ရွှေစော်မနံ၊ ငွေစော်မနံ၊ ဂုဏ်ဒြပ်စော်မနံတဲ့ကိုကိုဟာ ယဥ့်အတွက်တော့ အဓိက အကြောင်းရင်းဖြစ်ပေလိမ့်မယ်'' ထိုစကားအဆုံးတွင် ကိုကိုသည် တွေ၍နေသည်။ ပြီးမှခေါင်းကို တဆတ်ဆတ် ညိတ်သည်။ ထို့နောက်မှ သက်ပြင်းတစ်ချက်ချလိုက်သည်။ ''အင်း ဟုတ်တယ်၊ ဒါဘဲ ဒါဘဲ နေမှာပဲ'' ''ဒါဘဲနေမှာမဟုတ်ဘူး ကိုကို၊ ဒါဘဲ အမှန်ဖြစ်တယ်။ ကိုကိုနဲ့ယဉ်နဲ့ကွဲရတာဟာ ကျွန်တော်နဲ့မေနဲ့ ကွဲရတာနဲ့ ဘာထူးသလဲ၊ ဘာများခြားနားသလဲ။ ဘာမှမခြားနားဘူး။ အတူတူဘဲ။ ကျွန်တော့်ကို မေ့မိသားစုက သတင်းစာတိုက်က အယ်ဒီတာလေးမို့ အထင် မကြီးဘူး၊ သဘောမတူဘူး၊ ဒီတော့ မေက သူ့မိသားစုရဲ့ ရာထူးဂုဏ်သိရ် တစ်ဆင့် ထက်တစ်ဆင့်မြင့်မားတဲ့ မိသားစုဖြစ်အောင် ကျွန်တော့်ကိုပစ်ထွက်သွားတယ်။ ကိုကိုကော ဒီလိုဘဲမဟုတ်လား။ တုန်လှုပ်စရာမလိုဘူးကိုကို၊ နှလုံးသားကိစ္စထက်ကြီးကျယ်တဲ့ နိုင်ငံ ရေး၊ လူမှုရေးပြဿနာတွေနဲ့ ကြုံခဲ့တုန်းကတောင် ကျွန်တော်တို့ ရင့်ကျက်နိုင်ခဲ့သေးတာ ဘဲကိုကို။ ယဥ့်ကိစ္စက သဲမှုန်လေးတစ်မှုန်ပါ။ လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာကို ရိုးသား ခြင်း၊ မြင့်မြတ်ခြင်းတရားတွေနဲ့၊ မဆုံးဖြတ်သရွေ့ မမှန်ကန်တဲ့ လူမှုဆက်ဆံရေးမျိုးကို တွေ့နေရအုံးမှာဘဲ ကိုကို။ ကိုကိုကိုယ်တိုင် ခုဘဲတွေ့နေရပြီမဟုတ် လား။ ဒါတွေဟာ ကိုကိုရေးမယ့် ကဗျာတွေအတွက် ကုန်ကြမ်းတွေဆိုတာဘဲ သတိရစမ်းပါဗျာ'' လန်းဆန်းစပြုလာသော သူ့မျက်နှာကို တွေ့ရသည်။ စီးကရက်ကိုဆက်ဖွာနေရင်း နားထောင်လျက်ရှိသည်။ ''ကလေးစကားပြောတယ်လို့ ကျွန်တော့်ကိုထင်ရင်လည်း ထင်လေ။ ယဥ့်ကိုမခံချင် စိတ်နဲ့ တုံ့ပြန်ဖို့ ကိုကိုကြိုးပမ်းသင့်တယ်။ ဒီမယ်ကိုကို ယဉ်ထက်လှတဲ့ အလှအပတွေလောက မှာ အများကြီးပါ။ အလှအပတစ်ထောင်ကို ဖောင်ဖွဲ့ပြီး ယဥ့်ရှေ့မှာ လှောင်ပွဲ ဖွှဲ့ပြလိုက် စမ်းပါ။ သတ္တိရှိစမ်းပါကိုကိုရာ'' ထို့နောက် စကားတွေအများကြီး ကျွန်တော်ဆက်ပြောသည်။ သို့သော် ကိုကို့ကို ကျွန်တော်တရားပြနေသည်မဟုတ်၊ ဆရာလုပ်နေသည်မဟုတ်။ အသက်သုံးဆယ်ကျော် အရွယ်ကြီးကျမှ ရင်ကွဲနာကျရရှာသူ ကိုကို့ကို ကျွန်တော်သနားမိသည်။ သူအချစ်ဆုံး၊ အမြတ်နိုးဆုံး၊ အတွယ်တာဆုံး၊ အယုံကြည်ဆုံးသော ယဉ်ကိုဆုံးရှုံးလိုက်ရပြီးနောက် ရပ်တည်မရနိုင်အောင် ဖြစ်နေရရှာသည်။ ဆယ်ကျော်သက်အရွယ်တွေလိုမူ ဆံပင်စုတ်ဖွား၊ အင်္ကျီလုံချည်ဖိုးရိုးဖားရား အလွမ်းသီချင်းဆို၊ အရက်ဆိုင်ဝင်၊ သူငယ်ချင်းတွေရှေ့မှာ ငိုချင်းချသည်အထိ ရုပ်ပျက်ဆင်းပျက်ကား မဖြစ်၊ သူ့သိက္ခာကိုသူသိသည်။ မည်မျှပင် ကျွန်တော်ပြောရစေခါမူ ကိုကိုသည် သူ့စားပွဲပေါ်မှ ယဥ့်ဓာတ်ပုံကို တင်ထားမြဲထား၏။ သက်ပြင်းချမြဲချ၏။ ထို့ကြောင့် ကျွန်တော် စဉ်းစားလာရသည်။ အချစ်ရောဂါတွင် ဆေးမရှိဟု အချို့က ဆိုကြသည်၊ မမှန်၊ ဆေးရှိပါသည်။ သို့ပေလင့် ဆေးပေးရသည်ကို ဆင်ခြင်ရသည်။ အာဂန္တုက ရက်တွင်ကျလျှင် နွေစ၊မိုးစ၊ဆောင်းလ အငဲ့၊အစဖွဲ့မှ သုံးဆယ့်လေးရက် ဆေးပေးခက်၏ဟု ဆိုရိုးရှိသည်။ ထိုနည်းတူ ကိုကို့ နှလုံးသားဝေဒနာသည်လည်း ဆေးပေးခက်ရသော အာဂန္တုကရက်တွင်ကျနေသေးသည်။ ထိုရက်လွန်သော်ဆေးပေးရလွယ်လာပါလိမ့်မည်။တစ်အိမ်တည်းတွင် အတူနေရလင့်ကစား ကိုယ့်အလုပ်နှင့်ကိုယ်ဗျာများနေ၍ ကိုကိုနှင့်မျက်နှာချင်းမဆိုင်ဖြစ်၊ညဘက်ဆိုလျှင် ညဥ့်နက် သန်းခေါင်လောက်မှ ကျွန်တော်အိမ်ရောက်သည်။ မနက်ဆိုလျှင် (၆)နာရီလောက်တွင် သတင်းစာတိုက်သို့ရောက်နေပြီဖြစ်သည်။ ဤသို့နှင့် လပေါင်းအတန်ကြာလာခဲ့လေသည်။ သည့်နေ့မနက်တွင် ကိုကိုက တယ်လီဖုန်းဆက်သည်။ သို့သော် အပြင်သို့လက်ဖက် ရည်သောက်သွားနေ၍ ကျွန်တော်နှင့် စကားမပြောဖြစ်။ သူ့ဆီကိုပြန်ဆက်ပါဟုမှာသွား သည်။ ရောက်ရောက်ချင်း စားပွဲပေါ်မှ အလုပ်ကိုလုပ်ပြီးမှ တယ်လီဖုန်းဆက်လိုက်သည်။ အတန်မျှစောင့်ရပြီး ကိုကို့အသံပေါ်လာသည်။ ''ပြေငြိမ်းလား'' ''ဟုတ်တယ်ကိုကို၊ ခုန ကျွန်တော်အပြင်သွားနေလို့၊ ဘာကိစ္စထူးလို့လဲ'' ''ဒီလ ပြည်သူ့အလံတော် မဂ္ဂဇင်းကိုဖတ်ပြီးပြီလား'' ''ဟင့်အင်း မနေ့က စာအုပ်ဆိုင်တွေရောက်တော့ကြည့်သေးတယ်။ ဒီနေ့မှ ထွက် သလား'' ''အေး၊ ဒီနေ့မှထွက်တယ်။ ကိုကို့ကဗျာဖတ်ကြည့်စမ်းပါ၊ ထူပါတယ်'' ''ကျွန်တော်ဖတ်လိုက်မယ်လေ'' ''ညနေကျရင် မင်းဆီ ကိုကိုဝင်လာမယ်၊ စောင့်နေကွာ။ ကဗျာလည်းဖတ်ထားပြီး ဝေဖန်ပေါ့ ဟုတ်လား'' တယ်လီဖုန်းကို ချလိုက်သည်။ သတင်းစာတိုက်လမ်းထောင့်ရှိ စာအုပ်ဆိုင်သို့ ကျွန်တော် သွားလိုက်သည်။ ထို့နောက် မဂ္ဂဇင်းကိုဝယ်ပြီး ဆိုင်ရှေ့မှာပင် ကိုကို့ကဗျာ ကိုရှာ၍ကြည့် သည်။ ကိုကို့ကဗျာကိုတွေ့သည်။ အမည်မှာ 'နွေ၌ပင်တွေ့ရသော ရွက်နုသစ်'ဖြစ်သည်။ အဓိပ္ပာယ်ကို ကျွန်တော်သဘောပေါက်သည်။ သူ့ကိုယ်သူ ဝေဖန်ထားသည်လည်း တစ်ပိုင်း ပါဝင်၏။ ဆင်းရဲသားအောက်တန်းလွှာတွေ ငတ်မွတ်နေချိန်တွင် သူက အချစ်ကဗျာကို ရေးနေကြောင်း၊ အလုပ်သမားလယ်သမားတွေ လှုပ်ရှားရုန်းကန်နေချိန်တွင် သူက အလွမ်းကဗျာကိုရေးနေကြောင်း၊ သစ္စာမဲ့မိန်းမတစ်ယောက်အတွက် သစ်ရွက်ြေ<ွကပမာ လေလွင့်ကဗျာကိုရေးနေကြောင်း။ ဘဝကိုမခုံမင်၊ လူ့လောကကိုမမြတ်နိုး၊ လူတစ်ယောက် အနေနှင့် ထမ်းဆောင်သင့်သည့်တာဝန်ကိုပင် လျစ်လျူရှုခဲ့ကြောင်း၊ နှလုံးငြိမ်ငြိမ်ထား ၍တွေးသောအခါ သူ့ကိုယ်သူ ပကတိအတိုင်းမြင်လာမိပြီဖြစ်ကြောင်း။ နွေမှာ သစ်ရွက်ြေ<ွကရသော်လည်း နွေမှာပင် ရွက်နုထွက်သည့်သဘောကို ယခုမှကြုံတွေ့သိမြင်လာပြီဖြစ် ကြောင်း၊ သူ့ဘဝရွက်နုသစ်တွင် သူ့တစ်ယောက်အတွက်သာမက လောကအတွက်ပါ အင်အားသစ်များလိမ်းကျံလျက်ရှိကြောင်း သူ့ကဗျာကဆိုသည်။ ကျွန်တော့်ရင်ထဲတွင် ဝမ်း မြောက်ဝမ်းသာဖြစ်လာသည်။ ကိုကို့တွင် ယဥ့်ကိုအကြောင်း ပြု၍ခံစားခဲ့ရသောဝေဒနာကို ကုစားရန်နည်းလမ်းတွေ့ပြီထင်၏။ ဆေးပေးရခက်သော အာဂန္တုက ရက်ကိုလွန်ပြီထင်ရ၏။ ထို့ပြင် ကိုကိုသည် အလှအပများ ဝန်းရံလျက်ရှိသော သူ့ပတ်ဝန်းကျင်ကိုကြည့်မိ လေဟန်ရှိ၏။ အထူးသဖြင့် လှပသော မြတ်နိုးဖွယ်ကောင်းသော ချစ်ကြင်နာဖွယ်ကောင်း သော တစ်စုံတစ်ယောက်ကို ငဲ့စောင်းတွေ့မိလေဟန်ရှိ၏။ အထူးသဖြင့် သူ့ဘဝကို သိနားလည်သူကို ရှာ၍ရလေဟန်ရှိ၏။ ညနေ သူလာလျှင် မေးသင့်မေးထိုက်သည်တို့ကို မေးစမ်းကြည့်ရပေဦးမည်။ ငြိမ်းကျော် မြဝတီမဂ္ဂဇင်း-၁၉၆၉ ခုနှစ်၊ မတ်လ | < Prev | Next > |
|---|