Monday, September 06, 2010
   
Text Size

Site Search powered by Ajax

မြန်မာနိုင်ငံမှာ တခြားရွက်ပုန်းသီး ဂစ်တာ ပညာရှင်တွေလည်း ရှိမှာ ပါဆိုတဲ့ အမျိုးသမီး ဂစ်တာပညာရှင် နုနုစိန်

Entertainment - Vol2 No.95

User Rating: / 1
PoorBest 
မြန်မာနိုင်ငံတွင် ရှားရှားပါးပါး ပေါ်ထွက်လာသော အမျိုးသမီး ဂစ်တာရှင် တစ်ဦးဖြစ်သော မနုနုစိန်ကို City FM ခွေမှာ ပါဝင်တီးခတ် ထားတာကိုသိရတဲ့ အတွက် သိလိုသမျှ မေးမြန်းခဲ့ရာ . . . ''City FM ဂီတာပွဲတော် သီချင်းခွေမှာ ဂစ်တာ ဝင်တီးဖြစ်တာက The Trees က ကိုမင်းဦး ဆက်သွယ်ပေးတော့ တီးဖြစ်သွားတာပေါ့။ အစ်မက အရင်က မစ္စတာဂစ်တာ မှာလည်း တီးတယ်။ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီး ဂစ်တာသမား ဖြစ်လို့ ဘယ်လို ခံစားရသလဲ ဆိုတော့ အများကြီးလည်း ပေါ်လာဦးမှာပါ။ အခု လက်ရှိမှာ အစ်မက စင်ပေါ် ထွက်တီး ဖြစ်တော့ တချို့ ရွက်ပုန်းသီးလေး တွေလည်း အများကြီးရှိဦးမှာပါ။ ဂစ်တာ ပညာကို ငယ်ငယ်လေးကတည်းက ဝါသနာပါတာပါ။ လက်ဦးဆရာက ကလေးမှာပါ။ အစ်မရဲ့အစ်ကို ကိုကို အေးသင်ပေးတာပါ။ အမျိုးသမီး တစ်ယောက်အနေနဲ့ ဂစ်တာတီးတော့ မိဘတွေက သိပ်အားမပေးပါဘူး။ ဒါပေမဲ့ ဝါသနာပါလွန်းတော့ လွှတ်ပေး ထားတယ်ပေါ့။ ဒီခွေလေးကိုကြည့်ပြီး ပရိသတ်ကြီးက အစ်မကို ဝေဖန်အကြံ ပေးမယ် ဆိုရင်တော့ အစ်မအရမ်းဝမ်း သာပြီး ပျော်ရွှင်မိပါတယ်။ အစ်မဆီမှာ ပညာသင်ချင်တဲ့ ရင်းနှီးတဲ့ မိန်းကလေးတွေကိုတော့ အစ်မရဲ့ဂစ်တာပညာကို သင်ပေးဖြစ်ပါတယ်။ အစ်မရဲ့ ဆိုင်မှာလာအားပေးနေတဲ့ ပရိသတ်ကိုရော၊ ဒီခွေလေးကို ကြည့်ကြမယ့် ပရိသတ်တွေကိုရော ကျေးဇူးတင်ပါတယ်၊ ဆက်လွက်ပြီးလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်''
ကေတူးအိတ်ခ်ျ