Monday, September 06, 2010
   
Text Size

Site Search powered by Ajax

နာမည်ကြီး ဟစ်ဟော့ အဆိုတော်တွေက ရှိုးပွဲတွေမှာ ဝါအရ နောက်ဆုံးမှ ဆိုချင်ကြတာပါဆိုတဲ့ ကိုဘိုဆန်း (Bo Bo Entertainment)

ဟစ်ဟော့ လောကမှာ Bo Bo Entertainment က ကိုဘိုဆန်း စီစဉ်တဲ့ ဟစ်ဟော့ပွဲတွေဟာ အောင်မြင်မှုများစွာနဲ့ သရဖူဆောင်း နေတာကို ဟစ်ဟော့ ပရိသတ်ကြီးလည်း သိကြမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ဟစ်ဟော့ အဆိုတော်တွေ မြောက်မြားစွာ ထွက်လာတဲ့အခါ အဆိုတော်ကြီး တွေက နောက်ဆုံးပိတ်မှ ဆိုရတဲ့ အကြောင်းကို, ကိုဘိုဆန်းက ''ကျွန်တော် စီစဉ်တဲ့ပွဲတွေမှာ နာမည်ကြီး အဆိုတော်တွေက နောက်မှ ဆိုရတဲ့အကြောင်း အရင်းက သူတို့က ဝါအရ နာမည်ကြီးတော့ နောက်ပိတ်ဆုံး ဆိုချင်တယ်။ ဒါပေမဲ့ အခု နောက်ပိုင်းတော့ ကျွန်တော်တို့က သူတို့ကို အလယ်လောက်မှာ ပေးဆိုပါတယ်။ ဒီနှစ် တစ်နှစ်လုံးဆို စိုင်းစိုင်းတို့ ရဲလေးတို့က အလယ်မှာ ဆိုပါတယ်။ အခုနောက်ပိုင်း သီချင်းတန်ဖိုး အနိမ့်အကျကို ခွဲတာပေါ့။ အခုထွက်မယ့် City FM ရဲ့ ဂီတာသီချင်းပွဲတော် သီချင်းခွေကို ဘယ်လိုမြင်လဲဆိုတော့ ကောင်းပါတယ်။ ရောင်းရမှာပါ။ လူစုံတာပဲ။ သူတို့က နှစ်တိုင်းလုပ်နေကျဆိုတော့ ကိုယ့်ထက်တောင် ပိုနားလည်ပါတယ်။ ဘာအစီအစဉ်တွေရှိသေးလဲဆိုတော့ ကျွန်တော့်တို့ ဟစ်ဟော့ အကော့ဇစ်ရှိတယ်၊ အဲ့ဒါပြီးရင် Bo Bo Entertainment နဲ့ CLP နဲ့ပေါင်းပြီး လက်လက် ကိုထလို့ခွေရှိမယ်။ အဲ့ဒီခွေမှာလည်း Hip Hop အဆိုတော် (၃၈)ဖွဲ့လောက်ပါမယ်။ ခိုးကူးခွေတွေကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ထိထိရောက်ရောက် အရေးယူနေတဲ့ အပေါ်မှာ ဘယ်လိုပြောချင်သလဲ ဆိုတော့ ကျွန်တော်တို့က သူတို့လိုအပ်ရင် အကူအညီပေးဖို့ အဆင် သင့်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့အားနဲ့လည်း မရနိုင်ပါဘူး။ လောလောဆယ်က နိုင်ငံတော်က လုပ်ပေးတာ အကောင်းဆုံးပါပဲ။ ကျွန်တော် စီစဉ်တာက ဟစ်ဟော့တွေ များတယ်ဆိုတာက ကျွန်တော်တို့က ဟစ်ဟော့ခွေလည်း ထုတ်တယ်၊ ဟစ်ဟော့လည်း လုပ်တယ်၊ နောက် ပြီးတော့ ဟစ်ဟော့က လက်ရှိ အအောင်မြင်ဆုံး ဖြစ်တော့ ဟစ်ဟော့ကို လုပ်နေတဲ့ သဘောပါ။ တခြား Show ပွဲတွေက လောလောဆယ်လုပ်ဖို့ မရှိပါဘူး။ ပရိသတ်ကို ပြောချင်တာကတော့ ဟစ်ဟော့ အကော့ဇစ်ပွဲကို လာကြည့်ပြီး ကောင်းတယ် မကောင်းဘူး ဆိုတာ ဆုံးဖြတ်ပေးကြပါ။ ဒီနှစ်ထဲမှာ ဒါမျိုးပွဲ လုပ်ဖို့ အစီအစဉ် မရှိတော့ဘူး။ နောက်ပြီး လက်မှတ်ကို ကျပ်(၇ဝဝဝ)နဲ့ ကျပ်(၅ဝဝဝ)ဆိုပြီး ခွဲထားတယ်။ အဲ့ဒီမှာ ကျပ်(၇ဝဝဝ)တန် လက်မှတ်က ထိုင်ပြီးလည်း ကြည့်လို့ရတယ်၊ မတ်တတ်ရပ်ပြီးတော့လည်း ကြည့်လို့ရပါတယ်လို့ ပြောချင်ပါတယ်''ဖြေကြားပေးခဲ့ပါတယ်။
ကေတူးအိတ်ခ်ျ