Friday, September 10, 2010
   
Text Size

Site Search powered by Ajax

အနုပညာရှင်နှင့် Face book အကျိုးဆက်

Entertainment - Vol2 No.95

User Rating: / 6
PoorBest 
နည်းပညာ ခေတ်ကြီးထဲမှာ အင်တာနက် စာမျက်နှာ အများအပြားက အသုံးပြုသူများရဲ့ စိတ်ကို ဖမ်းစားနေကြပါတယ်။ Online အသုံးပြုသူများ အတွက် မိမိတို့သိလိုရာ အကြောင်းအချက်များကို ရှာဖွေ စူးစမ်းနိုင်ခြင်း၊ သတင်း အချက်အလက်နှင့် နည်းပညာများကို ကြည့်ရှု လေ့လာနိုင်ခြင်းတို့ အပြင် မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုနှင့် ဝေးကွာနေသူများ အတွက် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် ပြောဆိုနိုင်ခြင်း များကလည်း ယနေ့ အင်တာနက်ရဲ့ ကောင်းကျိုးအဖြာဖြာ အဖြစ် တွေ့မြင်နေရပါတယ်။ ခေတ်စားနေတဲ့ အင်တာနက် စာမျက်နှာများ အနက် ပြည်တွင်း၊ ပြည်ပ အနုပညာရှင်အများစု နှစ်ခြိုက်စွာ အသုံးပြုနေကြတဲ့ နာမည်ကျော် လူမှုကွန်ရက် Website ဖြစ်သော Facebook အင်တာနက် စာမျက်နှာကတော့ အင်တာနက် အသုံးပြုသူများသာမက မြန်မာနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များစွာလည်း ပရိသတ်များစွာနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနိုင်ခွင့်၊ အနုပညာရှင်များရဲ့ ဓာတ်ပုံများကို မျှဝေပြသနိုင်ခွင့် များကြောင့် လတ်တလော ရေပန်းစား နေတာကို တွေ့ရပါတယ်။ ပြည်ပရောက် အနုပညာရှင်များ သာမက ပြည်တွင်းမှ အနုပညာရှင်များစွာ အတွက်လည်း Up Date ဖြစ်စေသော ဓာတ်ပုံများနှင့် သတင်းအချက်အလက်များကို ဖော်ပြနိုင်သည့် အတွက် ပရိသတ်များရဲ့ တုံ့ပြန်ဝေဖန်မှုများကို အလွယ်တကူ သိရှိနိုင်ကြပါတယ်။

Facebook စာမျက်နှာပေါ်သို့ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံမှ အောင်မြင်ကျော်ကြားသော အနုပညာရှင်များ စာပေပညာရှင်များကို လက်လှမ်းမီသလောက် ရွေးချယ် တင်ပြလိုက်ပါတယ်။ နာမည်ကြီးစာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်)၊ ဆရာမ လမင်းမိုမို၊ ဆရာ ဦးဝင်းငြိမ်း၊ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီနန္ဒာလှိုင်၊ အကယ်ဒမီစိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်၊ ဆုပန်ထွာ၊ သင်ဇာဝင့်ကျော်၊ ဂျင်းနီ၊ ရဲလေး၊ မိုးဟေကို၊ ဝိုင်းစုခိုင်သိန်း၊ ဇူးဇူးမောင်၊ ဟဲလေး၊ စည်သူလွင်၊ သီရိရှင်းသန့်၊ သက်သခင်၊ မေဆွိ၊ ဟိန်းဝေယံ၊ ဒါရိုက်တာညိုမင်းလွင် အစရှိသူများအပါအဝင် နေမင်း၊ Smile၊ မင်းထက်ကျော်ဇင်၊ သဲနုဝါ၊ အေးဝတ်ရည်သောင်း၊ တင်မိုးလွင်နာမည်ကျော် ဓာတ်ပုံဆရာဖေမြင့်ဦး၊ ဒါရိုက်တာစင်ရော်မောင်မောင်၊ ဆုရွှန်းလဲ့၊ မိုးဟေကိုတို့လည်း Facebook စာမျက်နှာများ ထက်မှာ တွေ့မြင်နေရပါတယ်။ အချို့သော စာရေးဆရာများရဲ့ နာမည်များမှာ Facebook စာမျက်နှာပေါ်တွင် တွေ့မြင် နေရသော်လည်း ကိုယ်တိုင် အသုံးပြုခြင်း မဟုတ်ဘဲ ပရိသတ်များမှ အသုံးပြုကာ ဓာတ်ပုံများ၊ အနုပညာ လှုပ်ရှားမှုများကို ဖော်ပြပေးနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Facebook တွင် ပရိသတ်အများဆုံး ရရှိထားသော အနုပညာရှင်များကို ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ ထုတ်ပြန်ကြေညာမှု အရ ပေါ့ပ်အဆိုကျော် ဘရစ်တနီ စပီးယား၏ နေရာကို ရယူခဲ့သော ပေါ့ပ်အဆိုတော် လေဒီဂါဂါက အမေရိကန်သမ္မတ ဘားရတ်အိုဘားမားထက်ပင် ပရိသတ်အများဆုံး ရရှိခဲ့တာကို တွေ့ရပါတယ်။ လေဒီဂါဂါသည် Facebook တွင် ပရိသတ် (၁ဝ)သန်း ရရှိခဲ့သည့် ပထမဦးဆုံးသော အနုပညာရှင်ဖြစ်လာခဲ့ပြီ။ လေဒီဂါဂါသည် အိုဘားမားကို သာမက ပေါ့ပ်ဘုရင်ဖြစ်သည့် မိုက်ကယ်ဂျက်ဆင် ရရှိခဲ့သော ပရိသတ် အရေအတွက် ကိုလည်း ကျော်လွန်ရရှိတာကို တွေ့ရပါတယ်။ ဗြိတိန်အခြေစိုက် Famecount မှ ကောက်ယူ ရရှိခဲ့သော Facebook တွင် လေဒီ ဂါဂါက ပရိသတ်(၁ဝ)သန်း (၇)သိန်းကျော်ဖြင့် နံပါတ်(၁)၊ ဗင်ဒီဇယ်လ်က (၁ဝ)သန်း (၁)သိန်းကျော်ဖြင့် နံပါတ်(၂)၊ အိုဘားမားက ပရိသတ် (၉)သန်းကျော်ဖြင့် နံပါတ်(၃) မီဂန်ဖောက်စ်က ပရိသတ် (၈)သန်းကျော်ဖြင့် နံပါတ(၄)၊ ဟုခ်ျလောရင့်က ပရိသတ် (၇)သန်းကျော်ဖြင့် နံပါတ်(၅) Linkin Park အဖွဲ့က ပရိသတ် (၇)သန်းကျော်ဖြင့် နံပါတ် (၆)၊၊ လိုင်းဝိန်းနီက ပရိသတ် (၆)သန်းကျော်ဖြင့် နံပါတ်(၇)၊ ရော်နယ်လ်ဒိုက ပရိသတ် (၆)သန်းကျော်ဖြင့် နံပါတ်(၈)၊ ဂျက်စတင်ဘိုင်ဗာက ပရိသတ် (၆)သန်းကျော်ဖြင့် နံပါတ် (၉)၊ တေလာဆွစ်က ပရိသတ်(၆)သန်းကျော်ဖြင့် နံပါတ်(၁ဝ)နေရာတွင်ရှိခဲ့ကြပြီး မြန်မာအနုပညာရှင် များကိုမူ စစ်တမ်းကောက်ယူမှု မရှိသေးတာကို တွေ့ရပါတယ်။ Facebook စာမျက်နှာထက်မှာ ပရိသတ်များစွာရရှိနေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှ သရုပ်ဆောင် ဆုပန်ထွာကလည်း Facebook အသုံးပြုနေရခြင်းအကြောင်းကို အခုလို ပြောကြားခဲ့ပါတယ်။

သရုပ်ဆောင် ဆုပန်ထွာ

Facebook က မပန်လည်းအားတဲ့ အချိန်ဆိုရင် သုံးပါတယ်။ အမှန်တကယ် ဆိုရင် ပုံတွေအများကြီး တင်ရမှာပေါ့။ တစ်ခါတလေ အားတဲ့အချိန်ဆိုရင် တင်ထား လိုက်တယ်။ ဒါပေမဲ့ Upload လုပ်ရတာအရမ်းကြာတော့ အဆင်မပြေတာ လေးတွေရှိတယ်။ Facebook မှာ ကောင်းကျိုးလေးတွေပဲ ရှိတယ်။ ပရိသတ်တွေရဲ့ အကြံဥာဏ်ပေးစာတွေ၊ မိတ်ဆက်စာတွေ အမြဲလာတာပဲလေ။ တစ်ခါတလေ မိတ်ဆက်စာတွေ အရမ်းများတဲ့အခါမှာ ဖတ်ဖြစ်တာလည်း ရှိတယ်။ မဖတ်ဖြစ်တဲ့ စာတွေလည်း ရှိတဲ့အတွက် စာမပြန်နိုင်တာ ပိုများတယ်။ ပရိသတ်က ဘာပြောချင်လဲ ချက်ချင်းသိရသလို မပန်ပြောချင်တာလည်း ချက်ချင်းပြန်ရေးလို့ရလို့ သဘော အရမ်းကျတယ်။ ပရိသတ်နဲ့ အဆက်မပြတ်တဲ့အတွက် Facebook ကို ကြိုက်တယ်။

မြန်မာနိုင်ငံမှ ကာယအလှမယ် တစ်ဦး ဖြစ်တဲ့အပြင် သရုပ်ဆောင် တစ်ယောက် အဖြစ်ပါ နာမည်ရလာတဲ့ ခွန်းဆင့်နေခြည်က Facebook မှာ ပရိသတ်များစွာ ရှိနေပါပြီ။

သရုပ်ဆောင် ခွန်းဆင့်နေခြည်

အစ်မက Facebook ကို တစ်ခါ တလေမှပဲ သုံးဖြစ်တယ်။ Facebook သုံးတဲ့ အတွက် အပေါင်းအသင်း ပိုများမယ်။ ကိုယ့်ကိုနှစ်သက်တဲ့ ပရိသတ်တွေနဲ့ အလွယ်တကူ စကားပြောလို့ရတယ်။ အသိဥာဏ်တွေ ပိုတိုးတာပေါ့။ ကိုယ့်ရဲ့ ဓာတ်ပုံတွေကိုလည်း ပရိသတ်အတွက် တင်ပြနိုင်တဲ့ စာမျက်နှာလေးပါ။ ဆိုးကျိုးကတော့ Facebook မှာရှိနိုင်တယ်။ အစ်မတို့ပုံတွေကို Tagged လုပ်ယူပြီး ဖြတ်၊ ညှပ်၊ ကပ်လုပ်ကြတာတွေ ရှိတယ်။ ကိုယ်မလုပ်ပဲနဲ့ ခံလိုက်ရတာတွေ လည်းရှိပါတယ်။ Celebrity တစ်ယောက်အတွက် ဆိုရင်တော့ Facebook စာမျက်နှာက မသမာသူတွေ လုပ်ကြရင် အန္တရာယ်ဖြစ်နိုင်တာပေါ့။

(၂ဝဝ၈)အကယ်ဒမီဗန်းကိုင် တစ်ဦးအဖြစ် လူသိများလာတဲ့ သရုပ်ဆောင် သက်သခင်ကလည်း Facebook စာမျက်နှာထက်မှာ သူမရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်များကို တင်ပြထားသူလေး ဖြစ်ပါတယ်။

သရုပ်ဆောင် သက်သခင်

သမီးက Facebook ကို အမြဲသုံးဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်အားတဲ့အချိန် ညပိုင်းတွေမှာ ပိုသုံးဖြစ်တယ်။ ဓာတ်ပုံတွေလည်း တင်ထားတော့ ဝင်ကြည့်ကြတဲ့ သူတွေရဲ့ ဝေဖန်သံလေးတွေ ကြားရတာပေါ့။ Facebook သုံးတဲ့အတွက် ဆိုးကျိုးတော့ မရှိသေးပါဘူး။ သမီးတို့လို သရုပ်ဆောင် အသစ်လေးတွေ အတွက် ပရိသတ်နဲ့ ဆက်ဆံရေးမှာ ပိုပြီးနွေးထွေးစေတာပေါ့။ သူငယ်ချင်း အသစ်တွေလည်း အများကြီးရပါတယ်။

လန်ဒန်နိုင်ငံတွင် မိသားစုများနှင့် အတူနေထိုင်ရင်း သမီးနှစ်ယောက် မိခင်ဘဝသို့ ရောက်ရှိနေပြီဖြစ်တဲ့ တစ်ချိန်က စူပါမော်ဒယ် Smile ကလည်း Facebook မှာပရိသတ် (၃၃၅)ယောက်ကို လက်ခံရရှိနေသူဖြစ်ပါတယ်။ ပရိသတ်များအတွက် မမေ့မလျော့ တွေ့ဆုံ စကားပြောနေဆဲ Smile ရဲ့ Facebook အသုံးပြုဖြစ်ပုံက-

သရုပ်ဆောင် Smile

Smile အနေနဲ့ကတော့ Facebook ပေါ်မှာ သူငယ်ချင်းတွေနဲ့လည်း တွေ့နိုင်တယ်။ သူတို့ဘာတွေ လုပ်နေလည်းဆိုတာလည်း သိရတယ်။ Smile တွေလည်း ကစားလို့ရတယ်လေ။ Facebook စာမျက်နှာမှာ ကောင်းကျိုးတွေက အခု လူတွေ ဘာဖြစ်နေကြလည်း ဘာကိုစိတ်ဝင်စားနေကြလည်း ဆိုတဲ့ ခေတ်ရေစီးကြောင်းကို လိုက်နိုင်တာပေါ့။ မကောင်းတာကတော့ တစ်ချိန်လုံး ဒီမှာပဲနေပြီး ဘာမှမလုပ်ဘဲအချိန်တွေဖြုန်းနေတာတွေ၊ လူတွေနဲ့လည်းမတွေ့၊ ပတ်ဝန်းကျင် ကိုလည်း ဂရုမစိုက်တော့ဘဲ Facebook ပေါ်မှာပဲ အချိန်ကုန် နေကြတဲ့လူတွေ အများကြီးပဲလေ။ အနုပညာရှင်တွေအတွက် ကောင်းတဲ့အချက်က ပရိသတ်တွေနဲ့က အမြဲတမ်းထိတွေ့နိုင်တယ်။ ကိုယ့်ရဲ့အနုပညာအပေါ် အကြံဥာဏ်တွေ ပေးနိုင်တယ်။ ဃသာာနညအ တွေကိုဖတ်ပြီး ဘယ်လိုပြင်ဆင်သင့်တယ် ဆိုတာကို သိနိုင်တာပေါ့။ ဓာတ်ပုံတွေကတော့ ကိုယ့်ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ အတွက် တင်ဖြစ်တာပါ။ အင်တာနက် စာမျက်နှာက အနုပညာရှင်တွေ အတွက်မှ မဟုတ်ပါဘူး။ အားလုံးအတွက် ကောင်းပါတယ်။ အင်တာနက်ကို အကျိုးရှိရှိ အသုံးချတတ်မယ် ဆိုရင် ကိုယ့်အတွက် အရမ်းကိုကောင်းပါတယ်။ ပညာရေး၊ လူမှုရေး အားလုံးကို အကျိုးရှိရှိ အသုံးပြုနိုင်တယ် လေ။

သားသမီးနှစ်ယောက်ရဲ့ ဖခင်ကောင်း အိမ်ထောင်ဦးစီးကောင်း တစ်ယောက် အဖြစ် တာဝန်ကျေပွန်နေဆဲ အကယ်ဒမီ မင်းမော်ကွန်းကိုလည်း Facebook စာမျက်နှာထက်မှာ နာမည်အရင်း 'ကျော်ကျော်ဌေးလွင်'ဖြင့် တွေ့မြင်နေရတာကြောင့် မေးမြန်းကြည့်ခဲ့ရာ-

အကယ်ဒမီမင်းမော်ကွန်း

ကျွန်တော်က အစကတည်းက အင်တာနက်လည်းသုံးတယ်။ Facebook ကတော့ Game ကစားဖို့ပဲ သုံးဖြစ်တာပါ။ ကောင်းကျိုးတွေက အများကြီးရှိနေ တာပဲလေ။ အင်တာနက်စာမျက်နှာကြောင့်မကောင်းတာတွေလည်း အများကြီး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အနုပညာရှင်တွေအတွက်ပေါ့ဗျာ။

ဒေါ်မေမြတ်မွန်ဝင်း Chatrium Hotel

လွန်ခဲ့တဲ့ နှစ်နှစ်က အင်ဒိုနီးရှားက သူငယ်ချင်းတစ်ယောက်က facebook သုံးဖို့အကြံပေးလို့ သုံးဖြစ်သွားတာလေ။ သုံးရင်းနဲ့ စိတ်ဝင်စားသွားပြီး ကောင်းတဲ့အချက်လေးတွေပါ ရှာတွေ့ခဲ့တာပါ။

Facebook မှာလည်း ကောင်းကျိုးရော ဆိုးကျိုး နှစ်မျိုးစလုံးရှိတယ် သိလား။ ကောင်းတာကတော့ ကမ္ဘာတစ်ဝှမ်းလုံးက သူငယ်ချင်းတွေနဲ့ ကိုယ့်လှုပ်ရှားမှု ပုံရိပ်တွေ၊ သီတင်းတွေကို Share လုပ်နိုင်တာပဲ။ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ တောင် Facebook မှာ တွေ့ခဲ့ကြသေးတယ်။ သူတို့နဲ့ အဆက်အသွယ် မရတာ အနှစ် (၂ဝ)တောင် ကြာနေပြီလေ။ ဆိုးတာတွေကတော့ ကိုယ်ပိုင်ဖြန့်ချိနေတာပဲ။ ဒါက အများပြည်သူတွေနဲ့ ဆိုင်တော့ ကိုယ်မသိတဲ့ လူတွေနဲ့ကျ အကာအကွယ် မရှိသလိုကြီး ဖြစ်နေတယ်။ (ဘာမှ လျှို့ဝှက်ထားလို့မရတဲ့ ပုံစံမျိုးပေါ့ကွယ်)။ ဒီ Facebook ကြောင့်ပဲ သူငယ်ချင်းအသစ်တွေအများကြီးနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလာနိုင်တယ်။ ကိုယ့်ဓာတ်ပုံတွေကိုလည်း သူငယ်ချင်းတွေနဲ့ Share လုပ်ပြီးကြည့်လို့ရတယ်။ အနုပညာရှင်တွေ အတွက် ကတော့ ပရိသတ်တွေ အများကြီးရဖို့အတွက် အထောက်အကူ အများကြီး ပေးနိုင်တာပေါ့နော်။ Lady Gaga ကိုကြည့်ပါလား။ သူဆို Facebook ပေါ်မှာ သူ့ကိုအားပေးတဲ့ လူတွေ (10 million )တောင်ရှိနေပြီမဟုတ်လား။