Friday, September 10, 2010
   
Text Size

Site Search powered by Ajax

သမီးဖြစ်သူကို ဘာဖြစ်ရမယ်၊ ဘာလုပ်ရမယ် ဆိုတာ မပြောဘဲ သူဝါသနာပါရာ လုပ်ပါစေဆိုတဲ့ မင်းချစ်သူ

Entertainment - Vol2 No.95

User Rating: / 0
PoorBest 
City FM ရဲ့ (၈)ကြိမ်မြောက် သီချင်းခွေဖြစ်တဲ့ ဂီတာ သီချင်းပွဲတော်ခွေ စာနယ်ဇင်း မိတ်ဆက်ပွဲကို (၁၇၊၇၊၂ဝ၁ဝ)ရက်၊ နံနက်(၁ဝ)အချိန်တွင် စင်ထရယ် ဟိုတယ်၌ ပြုလုပ် ကျင်းပခဲ့ရာ အဆိုပါအခွေတွင် ပါဝင်၍ ကြိုးစား အားထုတ်ထားသော တေးရေး မင်းချစ်သူက''City FM မှာ ဦးရေးထား တဲ့သီချင်း (၃)ပုဒ်ပါ, ပါတယ်။ အချစ်နဲ့ ဂစ်တာ၊ သီချင်းမရှိတဲ့ ဂစ်တာရယ်ပြီးတော့ အဖြူအမည်းရယ်ပေါ့။ City FM က (၈)နှစ်တောင် တိုင်လာတဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ ဆိုတော့ ပရိသတ်အတွက် အမြဲတမ်း ကြိုးစားပြီး လှုပ်ရှားတက်ကြွနေတဲ့ ကဏ္ဍတစ်ခုလို့ မြင်ပါတယ်။ ရုပ်ရှင် အစည်းအရုံးက ခိုးကူးတွေကို ထိထိရောက်ရောက် နှိမ်နှင်းနေတဲ့အပေါ်မှာ အဆိုတော်တွေ၊ ထုတ်လုပ်သူတွေနဲ့ တေးရေးတွေဘက်က ဘာအသံမှ မထွက်ဘူး ဆိုတာက ခိုးကူးတွေကို ဟိုဘက်က နှိမ်နင်းတယ် ဆိုပေမယ့် ဒီဘက်က နှိမ်နင်းဖို့ ဆိုတာက ကိုယ်တို့ဘက်က အစောကြီး ကတည်းက ဒါတွေကိုလုပ်ခဲ့ပါတယ်။ လုပ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် သိပ်ပြီး ဖြစ်မလာသေးဘူး။ အတိုင်းအတာတစ်ခုအထိတော့ရှိတယ်။ ပပျောက်သွားတာတော့မရှိဘူး။ သီချင်းရေးတဲ့အခါ အတွေးက ဘယ်လိုခေါင်းထဲဝင်လာလဲတော့မသိဘူး။ ရေးဖြစ်တာက တော့ ညဥ့်နက်ပိုင်းရယ် မနက်စောစောပိုင်းရယ်ရေးဖြစ်တာများပါတယ်။ နေ့ခင်းပိုင်းကျ တော့ သွားတာ၊လာတာနဲ့ ရေးချိန်သိပ်မရဘူး။

ဦးသမီးရွှေရေးချယ်က အမျိုးသမီးရေးရာမှာ ကိုဇော်မင်းအောင်က လျှောက်ပေးပါလို့ အကူအညီပေးပါလို့ အကူအညီ တောင်းလို့ လျှောက်ပေးတာ။ ဦးသမီးက ပန်းချီဆရာမ ဖြစ်ချင်တယ်လို့တော့ ပြောတာပဲ။ သူအဆိုတော် လုပ်ချင်တယ် ဆိုရင်လည်း လုပ်ပါစေပေါ့။ ကိုယ်က ဘာလုပ်ရမယ်၊ ဘာဖြစ်ရမယ်လို့ မပြောဘူး။ ကိုယ်ငယ်ငယ်တုန်းကလည်း ကိုယ်ဖြစ်ချင်တာ ဖြစ်တာကိုး။ သူတို့လည်း သူတို့ကြိုက်တာ၊ သူဝါသနာပါတာ ဖြစ်ပါစေ။ ဒါပေမဲ့ အဓိကကျတဲ့ ကျောင်းပညာရယ်၊ ကျန်တဲ့ ဘာသာရေးနဲ့ ပတ်သက်လို့ ကျင့်ဝတ်လေးတွေနဲ့ ပတ်သက်လို့ ပြောပြပေးတယ်။ ဦးရဲ့သီချင်းတွေက နောက်ထပ်ထွက်ဖို့ ရှိပါတယ်။ အခုလောလောဆယ်တော့ ရတနာမိုင်ထဲမှာ (၂)ပုဒ်ပါ,ပါတယ်။ ဦးရဲ့သီချင်းတွေကို ကြိုက်တာ အရမ်းကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကတော့ သီချင်းကောင်းရင်၊ သူတို့နဲ့ တိုက်ဆိုင်ရင် ကြိုက်ကြတာပါပဲ။ ဥပမာ ဖိုးကာရဲ့ တစိမ့်စိမ့်ကြည့်၊ ထက်နေကြည်ရဲ့ နောက်ဆုတ်ဖို့ ကြိုးစားရင်းကိုလည်း ကြိုက်ကြတယ်။ ဦးရေးထားတယ်လို့တောင် သိပ်မသိကြဘူး။ ပရိသတ်က ရိုးသားပါတယ်။ သီချင်းရေးတဲ့အခါ တစ်ခါတလေ ကိုယ့်ဘာသာ ခံစားပြီး ရေးထားတာကို အဆိုတော်ကို ပေးလိုက်တာရှိသလို၊ မနှစ်ကဆိုရင် အရင်လိုပဲ အရင်အတိုင်းပဲ ပဲဆိုတဲ့ ရေဗက္ကာဝင်းဆိုတဲ့ သီချင်းလေးက သူဆိုနိုင်တဲ့ပုံစံမျိုးနဲ့ မိန်းကလေး တစ်ယောက်ရဲ့ ခံစားချက်ကိုမှန်းပြီး ခံစားရေးပေးလိုက်တာပေါ့''ဟု ဖြေကြားခဲ့သည်။

ကေတူးအိတ်ခ်ျ