Business - Vol2 No.95
မြန်မာ့ရေကြောင်း လောကသည် မြန်မာရေလုပ်သားများ ဖြစ်သော မြန်မာ သင်္ဘောသားများဖြင့် စတင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်ပါသည်။ ရှေးယခင်က ''အရင်းမ စိုက်လှေထိုးလိုက်'' ဆိုသော စကားရပ်ပင် ရှိခဲ့သည့် အတိုင်း ရေလုပ်သား လုပ်ငန်းသည် ရှေးနှစ်ပေါင်း များစွာကပင် ရှိခဲ့ပါသည်။ ယခုအခါ လူတိုင်းပါးစပ်ဖျား ရေပန်းစားနေသော ''နိုင်ငံခြား သင်္ဘောသား'' (သို့) ပင်လယ်ကူး သင်္ဘောသားများကို မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး စကပင် ပြည်ပ ပညာတော်သင်များ စေလွှတ်ပြီး နိုင်ငံတကာ ရေကြောင်းပညာကို လေ့လာသင်ယူ၍ ခေတ်သစ် သင်္ဘောသားလောကကို အစပျိုးခဲ့ပါသည်။
ယနေ့ခေတ်သည် နည်းပညာခေတ် ဖြစ်လာသကဲ့သို့ ရေကြောင်းပညာရပ် များတွင်လည်း တိုးတက်သော နည်းစနစ်များ ဆန်းသစ်သော လုပ်ငန်း ပညာရပ်များဖြင့် ပြည့်နှက်လျက်ရှိပါသည်။ ထိုသို့သော ရေကြောင်းလုပ်ငန်း ပညာရပ်များကို စာတွေ့လက်တွေ့ ကျကျဖြင့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းမှ သင်ကြား လေ့ကျင့်ပေးလျက် ရှိပါသည်။ လွန်ခဲ့သော နှစ်များက သင်္ဘောသား တစ်ဦးဖြစ်ရန် Appointment တစ်စောင်ကို သိန်းနှစ်ဆယ်ကျပ်၊ သုံးဆယ်ကျပ်ခန့်ဖြင့် ဝယ်၍ သင်္ဘောတက်ရသော ဘဝမှ ယခု (၂ဝ၁ဝ)ပြည့်နှစ်တွင် IMO ၏ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများနှစ် (Year of Secfarers) သတ်မှတ်ချက်အတိုင်း မြန်မာသင်္ဘောသားများကို အတတ်ပညာ ဦးစားပေး၍ မွေးထုတ်သောစနစ်သို့ ဌာနအကြီးအကဲများနှင့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေး ကော်မတီတို့မှ ပြင်ဆင်ပြောင်းလဲ ဆောင်ရွက်ခဲ့ပါသည်။
မြန်မာပင်လယ်ကူး သင်္ဘောသားများ အသင်းသည် (၂ဝဝ၆)ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ကျွမ်းကျင်သော သင်္ဘောသား စားဖိုဆောင် ဝန်ထမ်းများဖြစ်သည့် Ship's cook နှင် G/ S(Genteral Steward) များကို လေ့ကျင့်သင်ကြား ပေးခဲ့ပါသည်။ ထိုမှတဖန် ရေကြောင်းလောကအတွက် လိုအပ်သော Ship Security Awareness (SSA)Ship Security officer(SSO)Maritime English Course (MEC) သင်တန်းများ Assessor and Instructor သင်တန်းများ၊ ISM,ISPS သင်တန်းများ၊ LNG သင်တန်းများကိုပင် ပြည်ပ နည်းပြများ ခေါ်ယူသင်ကြား လေ့ကျင့်ပေးနေခဲ့ပါသည်။ ဒုတိယအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့သော Pre-sea Roting သင်တန်း(၁/၂ဝ၁ဝ) နှင့် Ship's cook Basic (၁၇/၂ဝ၁ဝ)တို့၏ ဇူလိုင်(၁၂)ရက်နေ့ သင်တန်းဆင်းပွဲ ဖြစ်သည့် လုပ်သက်ရင့် ရေကြောင်းလောကမှ ရေယာဉ်မှူးဟောင်းကြီးများ၊ ဌာနနည်းပြ အရာရှိကြီးများမှ လက်တွေ့လေ့ကျင့်ခန်းများကို စာသင်ခန်းတွင်သာမက ခန်းမပြင်ပ သင်္ဘောနှင့်ပါ လေ့ကျင့်မှုများ ပြုလုပ်စေကာ ပြည်ပ သင်္ဘောများပေါ်သို့ တက်ရောက်လေ့လာ လေ့ကျင့်မှု ပြုခဲ့ကြောင်း အသင်းဒုဥက္ကဋ္ဌ ကပ္ပတိန် ဦးစံသိန်းက ပြောကြားသွားသည်။
| Next > |
|---|