Breaking News - Vol2 No.95
ဝါးခယ်မမြို့၊ လှေကျင်းရပ်ကွက်ရှိ အသစ်တည်ဆောက် ပြီးစီးသွားသော နှစ်စဉ် ဝါတွင်းကာလ ဆွမ်းလောင်းဓမ္မာရုံ ရေစက်ချ အလှူမင်္ဂလာအ နားတော်ခမ်းအနားကို ဇူလိုင်(၄)ရက် နံနက်(၁ဝးဝဝ) အချိန်က လှေကျင်းရပ်ကွက်၊ မြူရုံးလမ်း၊ ဆွမ်းလောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဝါးခယ်မမြို့ပေါ်ရှိ စာသင်တိုက်များမှ ဆရာတော်ကြီးများ၊ လှေကျင်းရယက ဥက္ကဌ ဦးသန့်ဆွေအောင် အဖွဲ့ဝင် ဦးလှသိန်းနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ဆွမ်းလောင်းဓမ္မာရုံ ကြီးကြပ်ရေး အဖွဲ့ဥက္ကဌ ဦးကျော်နိုင်ဌေးနှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ အလှူရှင်များ တတ်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ ပုဗ္ဗာရုံ စာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တု ပစ္စည်းများဖြင့် ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် ဆရာတော်မှ ရေစက်ချ တရားဟောကြားပြီး ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ လှေကျင်းရပ်ကွက်၊ ဆွမ်းလောင်း ဓမ္မာရုံတွင် ဝါတွင်းကာလ၌ မြို့ပေါ်ရှိစာသင် တိုက်များ၊ ဘုန်းကြီးကျောင်းများကို လစဉ် လဆန်း(၃)ရက်နေ့နှင့် လပြည့်ကျော် (၃)ရက်များတွင် ဆွမ်းလောင်းလှူသွားမည် ဖြစ်ကြောင်း သိရှိရသည်။
မောင်နေမျိုး (ဝါးခယ်မ)
| < Prev | Next > |
|---|