Literature - Vol2 No.95
လူ့ဘဝကို စစ်မြေပြင်နှင့် တင်စားခဲ့သော် ဘဝများတွင် တိုက်ပွဲများစွာ ကြုံတွေ့ကြရမည် ဖြစ်သည်။ တိုက်ပွဲများ အားလုံးကို အနိုင်ရဖို့မှာ ဖြစ်နိုင်ခြေ မရှိသော်လည်း ရင်ဆိုင် ကြုံတွေ့လာသောအခါ ကြံ့ကြံ့ခိုင် ရပ်တည်နိုင်ဖို့ စိတ်ဓာတ်ကောင်း၊ ခွန်အားကောင်းများ၊ များစွာ လိုအပ်လှသည်။ အကယ်၍ သင်သည် အသက် (၅ဝ)အရွယ်သို့ ရောက်ရှိလာသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါက ဖြတ်သန်းလာသော အတွေ့အကြုံများစွာ အရ သင်၏ စိတ်ဓာတ်များသည် တည်ငြိမ်ရင့်ကျက် နေမှုကြောင့် အောင်ပွဲကို ကောင်းစွာ ခံယူနိုင်ပေမည်။ သို့သော် အသက်(၅ဝ) အရွယ်သည် အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်ရမည့် အချိန်အခါ ဖြစ်ခြင်း၊ သင်ရှာဖွေ တွေ့ရှိနိုင်မည့် အလုပ်မှာ 'ငါးမျှားခြင်း'သာ ဖြစ်သည်။
အဆိုပါအချက်ကို စာရေးဆရာ James Prosek ရေးသားတင်ပြထားသည့် Go Fishing ဆောင်းပါးတွင် လေ့လာဖတ်ရှုခဲ့ရ၍ အသက်(၅ဝ)ကျော်အရွယ်များအတွက်ရည်ရွယ်ပြီး ဘာသာပြန်ရေးသားလိုက်သည်။ စာရေးသူ
ငါးမျှားသွားပါ
အသက်(၅ဝ)အရွယ်ရောက်မှ စတင်ငါးမျှားခြင်းသည် အရွယ်အိုလွန်းနေပြီ ဖြစ်ကြောင်း အချို့ကဆိုကြမည်။ ဤအရွယ်သည် သိပ်နောက်မကျသေးပါ။ သင်ငါးမျှားသည့်အခါ မျှားကြိုး၏ထိပ်ဖျား၌ အာရုံစူးစိုက်သည်ထက်ပိုမိုသော အတွေ့အကြုံများ သင် ..ရှာဖွေ တွေ့ရှိမည်ဖြစ်သည်။
James Prosek ရေးသည်။
The New York Times သတင်းစာကြီး၏ The Audubon of the fishing world ဟု အခေါ်ခံရသော James Prosek သည် ပန်းချီဆရာတစ်ဦးဖြစ်ပြီး စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။ Easton, Connecticut တွင်နေထိုင်သည်။ သူသည် People, Sports Illustrated, Sports Afield နှင့် Life စာစောင်များတွင် ရေးသား လျှက်ရှိသည်။ ¤င်းရေးသားသော The Complete Angler စာအုပ်သည် ESPN ၏ အထူးစာအုပ်အဖြစ် သတ်မှတ်ခြင်းခံရပြီး Pea body Award ဆုချီးမြှင့်ခံရသည်။
အသက်(၅ဝ) အရွယ်ရောက်မှ စတင်ငါးမျှားမည် ဆိုပါက အရွယ်လွန်နေပြီ ဖြစ်ကြောင်း အချို့ကဆိုကြမည်။ ထိုကဲ့သို့မဟုတ်ပါ။ သင်သည် အသက်(၅ဝ)ကျော် အရွယ်သို့ ရောက်ရှိနေပြီး သင့်၌ သဘာဝအလျှောက်ရှိနေသော မွေးရာပါစိတ်နေစိတ်ထားများ၊ ဝါသနာများ ကို အသုံးမချရသေးဟုဆိုပါက သင့်၌ စိတ်လှုပ်ရှားစွာ စွန့်စားလုပ်ကိုင်ရမည့်အလုပ်များ အများအပြားရှိနေမည်ဖြစ်သည်။ ငါးမျှားခြင်းသည် သင့်အားအေးချမ်းတည်ငြိမ်မှုအခွင့် အလမ်းပေးမည်ဖြစ်သည်။
လွန်ခဲ့သည့် နှစ်အတန်ကြာက ကျွန်တော်သည် Complete Angler စာအုပ် ရေးသားခဲ့သည်။ (၁၉၅၃)ခုနှစ်က Izaak walton နှီးနှောဖလှယ်ပွဲတွင် တင်ပြခဲ့သည့် စာတမ်းကို အခြေပြုရေးသားထားခြင်းဖြစ်သည်။ ¤င်းက ငါးမျှားခြင်းသည် စိတ်အာရုံစူး စိုက်ရသည့် အပန်းဖြေအနားယူခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းစာတမ်းတွင် ငါးမျှားခြင်းအကြောင်း ရေးသားထားခြင်းမဟုတ်ဘဲ လူ့ဘဝပင်ဖြစ်သည်။ ကျွန်တော်သည် ဤအချက်ကို ခြယ်မှုန်း ဖော်ပြလိုသည်။ 'ငါးမျှားခြင်းသည်ဘဝ'ဖြစ်သည်ဆိုသည့် အချက်နှင့်ပတ်သက်၍ အကြောင်း ပြချက်များတွင် အကြောင်းပြချက်တစ်ချက်မှာ ယင်းငါးမျှားခြင်းအလုပ်သည် လူသားတို့၏ အခြေခံဖွဲ့စည်းမှု၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သောကြောင့်ဖြစ်သည်။ ငါးမျှားကိုလိုက်လံ ချောင်းမြောင်းခြင်း၊ ဖမ်းဆီးခြင်းသည် ကျွန်တော့်အမြင်၌ လူသားတို့၏ အသိစိတ်ဓာတ်ကို တိုးတက်ဖွံ့ဖြိုးစေသည်ဟုထင်မြင်သည်။ ခြုံ၍ဆိုရသော် ကျွန်တော်တို့လူသားများသည် လိုက်လံစုဆောင်းနေသည့် မုဆိုးများသာ ဖြစ်သည်။
Walton ကိုယ်တိုင်ပင် ငါးမျှားခြင်း အလုပ်ကို အသက်(၄ဝ)အရွယ်ရောက်မှ စတင်ခဲ့သည်ကို တွေ့ရသည်။ ၄င်းသည် တံငါသည်များအနက် အများအပေါ် လွှမ်းမိုးမှုအရှိဆုံးသူ ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းစာအုပ်သည် သားကောင်ဖမ်းဆီးသည့် ငါးမျှားခြင်းအလုပ်ကို အာရုံစူးစိုက်ဆင်ခြင်ခြင်း၊ တရားဘာဝနာစီးဖြန်းခြင်းဖြစ်တာကြောင့် အယူအဆကို ဦးစွာတင်ပြထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ငါးမျှားခြင်းအလုပ်ကို သူ၏ဘဝအဖြစ် ခံယူထားသူဖြစ်ပြီး ငါးမျှားခြင်းအလုပ်ကို ဘဝသင်ခန်းစာများ တစ်ခုနှင့် တစ်ခု ဆက်စပ်ရယူနိုင်သည့် ယာဉ်အဖြစ် တင်စားလက်ခံထားသည်။ The Complete Angler စာအုပ်သည် အသိပညာပေးစာအုပ် ဖြစ်ပြီး တံငါသည်နှင့် မုဆိုးတို့ အပြန်အလှန် အချီအချ စကားပြောဟန်ဖြင့် ရေးသားထားသည်။ အဆုံး၌ စာရေးသူသည် မုဆိုးအားသူ၏ အမဲလိုက်အလုပ်ကို စွန့်လွှတ်အောင် ပြုလုပ်နိုင်ပြီး တံငါသည်အဖြစ် ကူးပြောင်းစေခဲ့သည်။ ထိုစာအုပ်၌ အကြိုက်ဆုံးစကားမှာ ရေချိုငါးကြီးတစ်ကောင် ဖမ်းမိစဉ် ၄င်း၏ ငါးမျှားကြိုး ပြတ်သွားရာ၌ မုဆိုးက ပြောသည့်စကားဖြစ်သည်။ ''ငါ့ ငါးမျှားတံလည်း ကြိုးပြတ်သွားပြီ ငါးလည်း ဆုံးရှုံးသွားပြီ''ထိုအခါ တံငါသည်က ထိုသူ၏စကားကို ပြင်ပေးလိုက်သည်။ ''မဟုတ်သေးဘူး'' ရေချိုငါးဆုံးရှုံးသွားပြီဟု မဆိုနိုင်သေး။ သင်သည် ထိုးငါးကို လက်ဝယ် အရယူနိုင်သောကြောင့် ဖြစ်သည်။ သင်သည် ငါးမျှားသမား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ သင်၌ အချိန်လုံလောက်စွာ ရှိမည်ဆိုပါက စာအုပ်ကိုဖတ်ရှုရန် အကြုံပုလိုသည်။
သင်ယူတတ်မြောက်ထားခြင်း မရှိသော လူငယ်တစ်ဦးအနေဖြင့် ကျွန်တော်သည် ကျွန်တော်တို့နေထိုင်သော ရွာတစ်ဖက်ပိတ်လမ်း၏ ထိပ်၌ရှိသော ရေကန်အတွင်းရှိ သတ္တဝါများအပေါ် အလွန်စိတ်ဝင်စားမိနေသည်။ ကျွန်တော်၏ သူငယ်ချင်း Stephen က ကျွန်တော့်အား ငါးမျှားတံတစ်ချောင်းပေးလာသည့်အခါ ကျွန်တော်သည် လွတ်လပ်ပေါ့ပါး သွားသည်။ ထိုအချိန်က ကျွန်တော့်အသက်မှာ (၉)နှစ်သာရှိသေးသည်။ ကျွန်တော်၏မိခင် သည် အိမ်မှခေတ္တထွက်ခွာသွားသည့်အခါ ငါးမျှားခြင်းအလုပ်သည် ကျွန်တော်၏ တစ်ခုတည်းသော လုပ်ငန်းစဉ်ဖြစ်လာသည်။ ငါးမျှားနေစဉ်ကျွန်တော်သည် လုံခြုံမှုကို ခံစားရသည်။ ပျော့်ရွှင်ကြည်နူးရသည်။ အဘယ်ကြောင့် သဘာဝအတိုင်း ဤသို့ခံစားရ သနည်း။ ကျွန်တော်၏ အတွင်းစိတ်၌ ကိန်းအောင်းနေသော မုဆိုးစိတ်ဓာတ်(သွေးထွက်သံ ယိုမှုမျိုးကို မဆိုလိုပါ)သည်ပေါ်ပေါက်လာရန်အခွင့်အလမ်းရှိနေသောကြောင့်ဖြစ်နိုင်သည်။
ခေတ်မှီငါးမျှားတံဖြင့် ငါးမျှားခြင်းသည် ဘဝရှင်သန်မှုအတွက် ငါးမျှားခြင်းထက် အပန်းဖြေအနားယူရန်အတွက် ငါးမျှားခြင်းဖြစ်သော်လည်း ကမ္ဘာဦးအစကပင် လူသား တို့စိတ်၌ ရှိနေသည့် သားကောင်ဖမ်းလိုသည့်စိတ်ဓာတ်ကို ပြန်လည်နှိုးဆွပေးသည်။ ယနေ့ခေတ်အသုံးပြုနေသော ငါးမျှားသူများ (ကျွန်တော်အပါအဝင်)သည် ငါးများကိုဖမ်းပြီး ပြန်လွှတ်ကြသည်။ ငါးမျှားတံဖြင့် ငါးမျှားသူများက မိမိတို့မိသည့် ငါးများကို ပြန်လွှတ်ပေးခဲ့၍ ¤င်းတို့အားဖျက်လိုဖျက်ဆီးပြုလုပ် သူများဟု ပြောဆိုခြင်းသည်အတွင်း အသိစိတ်နှင့် ဆန့်ကျင် ဖက်ဖြစ်နေမည်ဖြစ်သည်။ သားကောင်များကို သတ်ဖြတ်ခြင်းသည် ဖျက်လိုဖျက်ဆီးပြုလုပ်ရာ မရောက်ဟုဆိုလိုရာ ရောက်မည်။ မုဆိုးများကဲ့သို့ပင် ငါးမျှားသမားများသည် မိမိ၏ သားကောင်ကို ချီးမွမ်းကြရာ ကျွန်ုပ်တို့သည် အသိအမြင် စူးရှ ထက်မြက်သူများ ဖြစ်လာကြသည်။ ထိုမှတဆင့် ကျွန်ုပ်တို့သည် အကောင်းဆုံး အသက်ရှင် ကျန်ရစ်သူများ ဖြစ်လာစေသည်။ ရှေးဟောင်း ဂူနံရံများတွင် ရေးဆွဲထားသော ပုံများကိုကြည့်ပါက မုဆိုးများ အမဲလိုက်ခဲ့သည့် သားကောင်များဖြစ်ကြောင်း တွေ့ရသည်။ သားကောင်များအား အကြိတ်အနယ် လိုက်လံဖမ်းဆီးရခြင်းကို ချီးမွမ်းဖော်ဆောင်ထားသည့် ပုံများဖြစ်သည်။ ငါးမျှားတံဖြင့် ငါးမျှားခြင်းသည် သေစေလိုသည့် ရည်မှန်းချက်ထက် ငါးများအား ချီးကျူးအံ့သြစိတ်ဖြင့် ဖမ်းဆီးခြင်းဖြစ်သည်။ ဤသည်မှာ ဖျက်လိုဖျက်ဆီး ပြုလုပ်မှု ပုံစံတမျိုးပင်ဖြစ်သည်။
Izaak walton က ငါးမျှားချိတ်ဖြင့် ငါးမျှားခြင်းသည် 'နူးညံ့သိမ်မွေ့သောပညာရပ်' ဟု ခေါ်ဝေါ်ထားသည်။ ဤစကားစုသည် ဦးခေါင်းကို ရိုက်နှက်၍ သတ်ဖြတ်ခြင်း၊ ဗိုက်ခွဲ ၍ အူများထုတ်ပစ်ခြင်း၊ စားသောက်ပစ်ခြင်း ဟု အဓိပ္ပာယ်မထွက်ပါ။ walton သည် ငါးစားသူဖြစ်သော်လည်း မိမိမျှား၍ရရှိသည့် သားကောင်ကို အခြားငါးဖမ်းသမားများက မိမိတို့မိကြသောငါးကို ပြန်လွှတ်သူများကဲ့သို့ သားကောင်အပေါ်ချီးမွမ်းစိတ်၊ ထိခိုက်လွယ်သော စိတ်ရှိသူဖြစ်သည်။ သူ့အဖို့ငါးမျှားခြင်း သည် စိတ်ပိုင်းဆိုင်ရာဖြစ်သည်။ စာအုပ်ရေးသူက ယေ¬ရှုခရစ်တော်၏ ပထမဦးဆုံးသော သာဓကများသည် တံငါသည်များ ဖြစ်ကြောင်း ဖော်ပြထားသည်။ ¤င်းတို့သည် ငြိမ်းချမ်း ခြင်းနောက်သို့ ရိုးသားစွာလိုက်ကြသူ များဖြစ်သည်။ ¤င်းတို့သည် လူအများကိုမျှားယူ စည်းရုံးကြသူများဖြစ်သည်။ ယနေ့ခေတ် ငါးစာအတုဖြင့် ငါးမျှားခြင်းသည် နူးညံ့ သိမ်မွေ့မြင့်မြတ်သော စိတ်ဓာတ်ဖြစ်သည်ဆိုသည့် အချက်ကို မငြင်းကွယ်နိုင်ပါ။ သဘာဝ တရားအတွင်းသို့ ဝင်ရောက်သွားသည့်အခါ ဥပမာ စမ်းချောင်းနံဘေးသို့ရောက်ရှိနေသည့် အခါ သင်သည်အချိန်နှင့်နေရာကိုမေ့လျော့သွားပြီး သင်သည့်စမ်းချောင်းငယ်နှင့်အတူ တစ်သားတည်းဖြစ်သွားပေမည်။ မြစ်ငယ်၊ ချောင်းငယ်သည် အဆုံးအစမရှိ၊ ထာဝရ ရှိနေသော အရာဖြစ်သည်။ ကျွန်တော်တို့သည် သေမျိုးဖြစ်သော်လည်း မြစ်၊ ချောင်း တို့သည် အမြဲတမ်းစီးဆင်းနေကြသည်။ ထို့ကြောင့်ပင် အဆုံးအစမရှိသော ထာဝရ အလွှာ၌ ထင်ဟပ်နေသော ကျွန်ုပ်တို့၏ ရုပ်သွင်ကိုကြည့်ရသည်မှာ ကောင်းမြတ်ခြင်း တစ်ပါးဖြစ်သည်။
အကယ်၍ သင်သည် တစ်ကြိမ်တစ်ခါမျှ ငါးမျှားဖူးခြင်းမရှိလျှင် အကောင်းဆုံး စတင်ရန် နည်းလမ်းမှာ စာအုပ်များဖတ်ရှုခြင်းပင်ဖြစ်သည်။ စိတ်တည်ငြိမ်စွာ အချိန်ကုန်လွန်စေသော ငါးမျှားခြင်းကဲ့သို့ ပေးနိုင်သောအရာများမှာ Norman Maclean ရေးသားသော A River Runs Through, David Dun Can ရေးသားသော The River why by James David Dancan နှင့် ကျွန်ုပ်နှစ်သက်လိုလားသည့် ကိုယ်တွေ့ အတွေ့အကြုံများကို David M. Carroll က ရေးသားသည့် The Year of the Trout တို့ကို ဖတ်ရှုခြင်းဖြစ် သည်။ ဤဖေါ်ပြပါစာအုပ်များအနက်မှ တစ်အုပ်ကို သင်ဖတ်ရှုပါက သင်သည် ငါးမျှားခြင်းအလုပ်တွင် ငြိတွယ်သွားမည်ဖြစ်ပြီး ငါးမျှားခြင်း အလုပ်ကို တစ်ကြိမ်ဆောင်ရွက်ပြီးပါက ဤအလုပ်မှရုန်းထွက်ရန် မလွယ်တော့ပါ။
ငါးစာအတုဖြင့် စတင်ငါးမျှားသူကို ရေချိုငါးစတင် မျှားရန် ကျွန်တော်အကြံပြုလိုသည်။ ရင်ဆို့အထိရောက်သော ဘောင်းဘီနှင့်လည်ရှည်ဖိနပ်တွဲထားသည့် အဝတ်တစ်စုံ၊ ကိုးပေအရှည်ရှိပြီး ငါးစာအတုဖြင့် အသုံးပြုသည့်ငါးမျှား တံတစ်ချောင်း၊ ငါးမျှားတံတွင် တပ်ဆင်သည့် ရစ်ဘီးနှင့် ပြန် ဟပ်သည့်အလင်းရောင်ကိုကာကွယ်ရန် နေကာမျက်မှန်တစ် လက်၊ သင်တတ်နိုင်ပါက လမ်းပြတစ်ယောက်ပါရှိရန်လိုသည်။ ငါးမျှားတတ်သူတစ်ဦးတစ်ယောက်ထံမှ ငါးမျှားနည်းကို သင်ယသင်ယူနိုင်သည်။ အကယ်၍သင်သည် စာအုပ်များဖတ်ရှုရန် သော် လည်းကောင်း၊ ကိုယ်တိုင်စမ်းသပ်မှု ပြုလုပ်၍သော်လည်းကောင်း၊ ငါးဖမ်းနည်း သင်ယူရန်စိတ်မရှည်ပါကသင်သည် သင်ပြသူတစ်ယောက်ကို ငှားရမ်းနိုင် သည်။ Orvis ငါးမျှားကျောင်းများ (www.orvis .com)သည် ငါးဖမ်းနည်း သင်ပြပေးရန် နိုင်ငံအနှံ့ကျောင်းများဖွင့်ထားသည်။
ငါးမျှားရာတွင် အရေးအကြီးဆုံးသော အရာမှာငါးမျှားနိုင်သည့် နေရာ ဒေသဖြစ်သည်။ သင်၏ သွေးထဲ၌ ငါးမျှားလိုစိတ် ကိန်းအောင်းသွားပါက သင်သည် မည်သည့်ဒေသ(သို့မဟုတ်) ငါးမျှားရန်ခရီးထွက်လိုစိတ်ရှိမည်ဖြစ်သည်။ သင်ငါးမျှား နိုင်သည့် နေရာအချို့ကို အကြံပြုလိုသည်။ Alaska သို့မဟုတ် New Zealand တို့ ဖြစ်သည်။ ဤနေရာများကို သင်မည်သည့်အခါမျှ မေ့ပျောက်မည် မဟုတ်ဘဲ သင့်ဘဝတစ်လျှောက်လုံး သင့်စိတ်ထဲတွင် အမှတ်ရနေမည် ဖြစ်သည်။ စာရေးဆရာ Robert Traver က ဤသို့ ရေးသားဖူးသည်။ ''ရေချိုငါးတစ်မျိုးဖြစ်သော Trout ငါးမျိုးသည် သာယာလှပသည့် ဒေသများတွင်သာ နေထိုင်ကျက်စားသည်။ ဤစကားမှန်ကန်ကြောင်း ကျွန်ုပ် တွေ့ရှိရသည်။ Trout ငါးမျိုးကို Connecticut မှ ကယ်လီဖိုးနီးယားနှင့် ပြင်သစ်မှ မွန်ဂိုလီးယားအထိ တွေ့ရှိရသည်။ Trout ငါးရိုင်းများသည် အေးမြကြည်လင်သော ရေ၌သာ ရှင်သန်နိုင်ကြသည်။ ထို့ကြောင့် ၄င်းတို့ကို နဂိုမူလ သဘာဝအနေအထား မပျက်ယွင်းသေးသော တောတောင်ရေမြေများတွင် တွေ့ရှိရသည်။
ငါးမျှားခြင်းကို အားကစားတစ်ရပ်အနေဖြင့် မိမိနိုင်ငံအတွင်းသို့မဟုတ် နိုင်ငံပြင်ပ ထုတ်၍ ငါးမျှားနိုင်သည်။ တစ်ဦးတည်းသော်လည်းကောင်း၊ အပေါင်းအသင်းများ နှင့်သော်လည်းကောင်း၊ ရေရှိသည့်နေရာတိုင်းတွင်မျှားနိုင်သည်။ သင်၏ ငါးမျှားတံထိပ်၌ သင်တွေ့ရှိရသည်ထက် ပို၍အတွေ့အကြုံများရရှိမည်ဖြစ်သည်။
| Next > |
|---|