Monday, September 06, 2010
   
Text Size

Site Search powered by Ajax

Breaking News

လျှပ်တစ်ပြက် အမှတ်(၂၀၀)

Vol2 No.100

User Rating: / 2
PoorBest 
လျှပ်တစ်ပြက် သတင်းဂျာနယ်သည် အမှတ်(၂ဝဝ) အထိ ခြေဆန့်နိုင်ခဲ့ပြီ ဖြစ်သည်။ ဒီခရီးကို လျှောက်လှမ်းနိုင်ဖို့ အတွက် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း လုပ်ဆောင်၍ မရ။ ဒါရိုက်တာ အဖွဲ့မှသည် နောက်ဆုံး ဖြန့်ချိရေးအထိ အဆင့်ဆင့် နားလည်မှု မရှိခဲ့ပါလျှင် စေတနာမပါခဲ့ကြလျှင် လျှပ်တစ်ပြက်သည်၊ သည်ခရီးကို လျှောက်လှမ်းနိုင်ဖို့ရာ လမ်းမမြင်။ သည်နေရာတွင် အထူး ကျေးဇူးတင်ရမည့် လျှပ်တစ်ပြက် သတင်းဂျာနယ်ကို စောင့်ရှောက်ကြသည့် ပုဂ္ဂိုလ်ကြီးငယ်အပေါင်း (ရဲဘော်ရဲဘက်၊ ဆရာသမား၊ မိတ်ဆွေကြီးငယ် အပေါင်း၊ စာဖတ်ပရိသတ် အပေါင်း) တို့ကို ကျေးဇူးတင်ရမည် ဖြစ်သည်။

Read more: လျှပ်တစ်ပြက် အမှတ်(၂၀၀)

   

ဖခင်ကြီးဦးခင်မောင်ညွန့်အတွက် ရည်စူးသော(၆)လပြည့် ကုသိုလ်အလှူ

Vol2 No.100

ရုပ်ရှင်မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်၏ ခင်ပွန်း မတင်အေးမြင့်၊ မခင်အေးမြင့်၊ မအေးအေးမြင့်၊ မဆွေအေးမြင့် (အဆိုတော်မေဆွိ)၊ မလဲ့ယဉ်မြင့်တို့၏ ကျေးဇူးရှင်ဖခင်ကြီး ဦးခင်မောင်ညွန့် ကွယ်လွန်ခဲ့သည်မှာ သြဂုတ်လ (၁၆)ရက် နေ့တွင် (၆)လ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ 'သေသောသူ ကြာလျှင်မေ့'ဟု ဆိုသော်လည်း မမေ့ပျောက်နိုင်သော ကျန်ရစ်သူ မိသားစုဝင်များက ဦးခင်မောင်ညွန့် အတွက် ရည်စူးပြီး (၆)လပြည့် ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။ စမ်းချောင်းမြို့နယ် ရှင်စောပုကျောင်းတိုက်မှ ဆရာတော်နှင့် သံဃာတော်များ အတွက် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်ကာ ကုသိုလ်ပြုလုပ် ပေးခဲ့ကြသလို ကျေးဇူးရှင်ဖခင်ကြီး ဦးခင်မောင်ညွန့် ကောင်းရာသုဂတိ လားစေဖို့ မိသားစုဝင်များက အမျှပေးဝေကာ ဆုတောင်း ပေးခဲ့ကြပါတယ်။
S.K.B
   

မောင်အံ့ထူးမောင် (၁)နှစ်ပြည့် မွေးနေ့ မင်္ဂလာကျင်းပ

Vol2 No.100

အနန္တော၊ အနန္တငါးပါး ဦးထိပ်ထားလျှက် ဦးမျိုးဝင်း (အင်ဂျင်နီယာမှူးကြီး၊ အထူးစီမံကိန်းကြီးများ အဖွဲ့(၂) ဧရာဝတီတံတား၊ (စင်းခန်း)+ ဒေါ်ဝါဝါသိန်း (ဝါရွှေစင် ပိုးထည်တိုက်) တို့၏ မြေးဦး၊ ဦးဇေယျာမျိုး+ ဒေါ်ကြည်ကြည်ဆွေ တို့၏ သားဦးရတနာ မောင်အံ့ထူးမောင်(ခ) ညီလပြည့်၏ (၁)နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲကို သြဂုတ်လ (၂၁)ရက် (စနေနေ့)၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ မြခွာညိုအိမ်ရာ (ယုဇန)၊ မြခွာညို(၁)လမ်း၊ အမှတ်(၁၇)မှာ ကျင်းပပြုလုပ် သွားခဲ့သည်။ သားသားလေး မောင်အံ့ထူးမောင် ကျန်းမာပျော်ရွှင်ပြီး ဥာဏ်ရည် ထက်မြက်သော သားလိမ္မာလေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်သည်။
S.K.B
   

ပြင်ဆင်ဖတ်ရှုပေးပါရန်

Vol2 No.100

အရှေ့ရိုးမတောင်ခြေ နနွင်းအိုင်ကျေးရွာရှိ အမေ့ကျောင်း ပြင်ဆင်ရန်အလှူရှင်များလိုအပ်နေသတင်းတွင် ဖုန်း(ဝ၁-၂ဝ၂၅၇၅) အစား ဖုန်း(ဝ၁-၂ဝ၂၅၇၂)သို့ ပြင်ဆင်ဖတ်ရှုပါရန်။
   

Page 1 of 266